မူဂါဘီ ရေပန်းစားနေဆဲ လို့ ဇနီးသည်ပြော


ဇင်ဘာဘွေ နိုင်ငံ သမ္မတ ရောဘတ် မူဂါဘီ ဟာ ပြည်သူတွေ အကြားမှာ ရေပန်း စား နေဆဲ ဖြစ်ပြီး အသက်မဲ့ ခန္ဓာကိုယ်နဲ့ ရွေးကောက် ပွဲ ဝင်ပြိုင် ရင်တောင် အောင်ပွဲ ရမှာ ဖြစ်ကြောင်း ဇနီးသည် ဖြစ်သူ ဂရေ့စ် မူဂါဘီက ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ လုပ်တဲ့ ဟောပြောပွဲ တစ်ခု မှာ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂရေ့စ် မူဂါဘီ ရဲ့ ပြောကြားမှု အပြီးမှာ ဇင်ဘာဘွေ နိုင်ငံရေး မှာ သူ ထဲထဲ ဝင်ဝင် ပါဝင် ပတ်သက် လာတာ ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ် နေပါတယ်။

အသက် ၉၂ နှစ် ရှိပြီ ဖြစ်တဲ့ ရောဘတ် မူဂါဘီ ရဲ့ သမ္မတ ရာထူး ကို ဆက်ခံ မဲ့ သူတွေ ထဲမှာ ဂရေ့စ် မူဂါဘီ ကို ထည့်သွင်း စဉ်းစား လာကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတ မူဂါဘီ ဟာ ဇာဟူး ပီအက်ဖ် ပါတီ ကို ဆက်လက် ချုပ်ကိုင် ထားဆဲ ဖြစ်တာကြောင့် သမ္မတ ရာထူး ကို လွယ်လွယ် နဲ့ လွှဲပြောင်း ပေးမှာ မဟုတ်ဘူး လို့လည်း နိုင်ငံရေး ကျွမ်းကျင်သူ တွေက သုံးသပ်နေပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
မူဂါဘီ ရေပန်းစားနေဆဲ လို့ ဇနီးသည်ပြော မူဂါဘီ ရေပန်းစားနေဆဲ လို့ ဇနီးသည်ပြော Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.