တာချီလိတ်၌ အမျိုးသားတစ်ဦးကြိုဆွဲချသေဆုံး


တာချီလိတ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရောင်နီဦးလမ်းရှိ ဝါးတဲအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး ထိန်းလင်း၊ တာဝန်မှူး ရဲအုပ် မင်းမင်းထိုက်တို့အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အမှတ်(၄/၅၆) ရောင်နီဦးလမ်းရှိ မြေကွက်လပ်တွင် တစ်ဦး တည်းတဲထိုးနေထိုင်သော ဦးဘသန်း (၄၇ နှစ်)သည် တဲအတွင်း အမိုးဝါးထုတ်တန်းတွင် အစိမ်းရောင်နိုင်လွန်ကြိုးအား လည်ပင်တွင် ချည်လျက် မျက်လုံးပြူး၊ လျှာကိုက်လျက်၊ လက်သီးဆုတ်၊ လိင်တံမှ သုတ်ရည် ထွက်စသည့် လက္ခာများဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း စစ်ဆေးသိရသည်။

''သေဆုံးသူသည် လွန်ခဲ့တဲ့ (၂)နှစ်က တစ်ဦးတည်း တာချီလိတ်မှာ ပန်းရံ အလုပ်လုပ်ကိုင်ရန် ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ လာရောက်လာတယ်လို့ စစ်ဆေးချက်အရ သိရတယ်၊ မိသားစုများနှင့်လည်း အဆက်အသွယ်မရှိဘဲ တစ်ဦးတည်းနေထိုင်တယ်၊ နေထိုင်စားသောက်မှု အဆင်မပြေဖြစ်ရာမှ စိတ်ဓါတ်ကျပြီး မိမိကိုယ် မိမိကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည့်''ဟု ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ရောင်နီဦးလမ်းအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

အမှုမှ ဦးဘသန်း (၄၇ နှစ်)ကြိုးဆွဲချ သေဆုံးခြင်းနှင့် ပတ်သက်၍ တာ ချီလိတ်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
တာချီလိတ်၌ အမျိုးသားတစ်ဦးကြိုဆွဲချသေဆုံး တာချီလိတ်၌ အမျိုးသားတစ်ဦးကြိုဆွဲချသေဆုံး Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.