တရုတ်အထည်ချုပ်စက်ရုံ ထိပါးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး သတင်းထုတ်ပြန်


မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံအား ဖေဖော်ဝါရီ ၂၃ ရက်က ထိပါးခံရမှုများ ဖြစ် သည့်အတွက် မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး၏ ဖေ့ဘုတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရေးပေါ် ဆက်သွယ်ပြီး ရန်ကုန်မြို့ရှိ တရုတ်အဝတ်အထည် စက်ရုံ ထိုနေ့တွင် တရားဥပဒေ ဖောက်ဖျက် ကျူးလွန်သူများ၏ ထိပါးခံရခြင်းအပေါ် မြန်မာဘက်အား အလေးအနက် အရေးဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သံရုံးကနေပြီး မြန်မာအစိုးရအား ထိရောက်သည့် နည်းလမ်းများကို ချက်ချင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ အသက် လုံခြုံမှုနှင့် တရုတ်ကုမ္ပဏီများ၏ ဥစ္စာဓန လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းကာ ဥပဒေနှင့်အညီ အမှုအခင်း ဖန်တီးသူများကို အရေးယူပေး ပါရန် တောင်း ဆိုကြောင်း ဆိုသည်။

မြန်မာအစိုးရအနေဖြင့် ဥပဒေနှင့်အညီ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၏ လုံခြုံမှုနှင့် အခွင့်အရေးတို့ကို ကာကွယ်ထိန်းသိမ်းပြီး သက်ဆိုင်ရာ ပြသ၁နာကို အလျင်အမြန် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း မည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြသ၁နာ ဖြစ်ပွားသည့်နေ့တွင်ပင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အရာရှိများသည် အဆိုပါ တရုတ်အဝတ်အထည် စက်ရုံသို့ သွားရောက်ပြီး စက်ရုံမှဝန်ထမ်းများအား ကြည့်ရှုကာ မြန်မာနိုင်ငံသက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဌာနအား စက်ရုံပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန် လည် ရောက်ရှိလာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားနှင့် တရုတ် ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးကို အစွမ်းကုန် ကာကွယ်ထိန်း သိမ်းမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက အဆိုပါထုတ်ပြန်ချက်တွင် ထိပါးခံရသည်ဆိုသည့် တရုတ်နိုင်ငံသားပိုင် အ၀တ်အထည်စက်ရုံ အမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း လှိုင်သာယာမြို့နယ် စက်မှုဇုန်ရှိ အလုပ်သမားအရေး ဆောင်ရွက်သူများအား ဆက်သွယ်မေးမြန်းရာ တွင် ရွှေလင်းဗန်းစက်မှုဇုန်တွင် ဖေဖော်ဝါရီ ၂၃ ရက်က စက်ရုံဝန်ထမ်း များနှင့် စက်ရုံပိုင်ရှင်အကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်းများရှိကြောင်း ဆိုသည်။

လှိုင်သာယာမြို့နယ် အလုပ်သမား သမဂ္ဂများအဖွဲ့ချူပ်(CTUM)မှ ကိုရဲသူရက “ဟန်ကျိုးပိုင်ရီထင်တယ်။ မနေ့က ပြသ၁နာ တက်တယ်လို့ သိရတယ်။ ၀န်ထမ်းတွေနဲ့ စက်ရုံပိုင်ရှင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ် လို့ ပြော တယ်” ဟု ပြောသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
တရုတ်အထည်ချုပ်စက်ရုံ ထိပါးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး သတင်းထုတ်ပြန် တရုတ်အထည်ချုပ်စက်ရုံ ထိပါးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.