ယခုနှစ် ဇန်နဝါရီလအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၇ဝဝ ကျော် သိမ်းဆည်းရမိ


ရန်ကုန် ဖေဖော်ဝါရီ ၃

ယခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံ၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၇ဝဝ ကျော်ရှိ ကုန်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ အရေးယူမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တားဆီးဖမ်းဆီးမှု စုစုပေါင်း ၁၁ဝ မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၃ ဒသမ ၄၅ သန်းအား တားဆီးဖမ်းဆီးရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးမှုများတွင် ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ပြည်ပဆိုက်ရောက်)တွင် လေကြောင်းခရီးစဉ်အမှတ် PG-701 ဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားခရီးသည်ထံမှ Super Slim “ ESSE” Light (20x10) Cigarettes 935 တောင့်၊ Super Gold “ESSE”(20x10) Cigarettes 100 တောင့်၊ စုစုပေါင်း ၁ဝ၃၅ တောင့်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ငါးသန်းခန့်အား တွေ့ရှိ၍ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
ယခုနှစ် ဇန်နဝါရီလအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၇ဝဝ ကျော် သိမ်းဆည်းရမိ ယခုနှစ် ဇန်နဝါရီလအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၇ဝဝ ကျော် သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.