![]() |
မြေး(၃)ယောက်နှင့် မီးလှုံကာ မီးမငြိမ်းသတ်ဘဲ အိပ်ပျော်သွားစဉ် တဲအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ သဖြင့် ကလေးငယ်တစ်ဦး မီးလောင်သေဆုံး |
ဖြစ်စဉ်မှာ(၈-၂ ရက် ၂၂း၀၀ အချိန်ခန့်တွင်ဒေါ်လှအေးသည် ကောလင်းမြို့နယ် အင်ခုံကျေးရွာ၏အရှေ့မြောက်(၃)မိုင်ခန့်ရှိ ကြိုးလမ်းလျောက်တောတိုက်ရှိ ၎င်း၏(၃x၄)ပင် ထရံကာ သက္ကယ်မိုး မြေစိုက်တဲတွင် မြေးဖြစ်သူရဲလင်းထွန်း ငြိမ်းချမ်းအောင် ထက်မြတ်ဦး တို့နှင့်အတူ တဲအတွင်း မီးဖိုခန်း၌ မီးမွှေး၍မီးလှုံခဲ့ပြီးနောက် အဆိုပါ မီးအား မငြိမ်းသတ်ဘဲ အိပ်ပျော်သွားခဲ့ရာ ည(၂၃၀၀)အချိန်ခန့်တွင်အပူရှိန်များလာသဖြင့် အိပ်ယာမှလန့်နိုးပြီး ထကြည့်လိုက်ရာ ၎င်းအိပ်နေသည့် တဲခေါင်မိုးအထိ မီးများကူးစက်လောင်ကျွမ်းနေသည်ကိုတွေ့ရှိရသဖြင့် တဲအတွင်းရှိ မြေးများ အား ကယ်ထုတ်ခဲ့ရာမြေးဖြစ်သူ ရဲလင်းထွန်း နှင့် ငြိမ်းချမ်းအောင်တို့နှစ်ဦးသာ ကယ်ထုတ်နိုင်ခဲ့ပြီး အသက်(၁)နှစ်ခွဲရှိ သူထက်မြတ်ဦး(ဘ)ဦးဇော်လင်း အင်ခုံရွာ ကောလင်းမြို့နယ်အား ကယ်တင်နိုင်ခြင်းမရှိဘဲ မီးထဲတွင်မီးလောင်ကျွမ်းကာသေဆုံးသွားခဲ့ပြီး ရုပ်အလောင်းမှာလည်း ပြာပုံသာတွေ့ရှိရကြောင်း သိရသည်။
မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်လှအေး ၈၇နှစ်(ဘ)ဦးဖိုးကီအင်ခုံကျေးရွာ ကောလင်းမြို့နယ်နေသူအား အရေးယူပေးရန် ရဲအုပ်စိုးသိန်းအောင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကောလင်းမြို့မရဲစခန်းမှ(ပ)၁၀၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ခဲ့ပြီး ရဲအုပ် စိုးသိန်းအောင် မှတရားခံ ဒေါ်လှအေး အား ဖမ်းဆီးစစ်ဆေးကာ ရဲလုပ်ထုံ/လုပ်နည်းမျာနှင့်အညီ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မီးလှုံကာ အိပ်ပျော်သွားစဉ် ကလေးငယ်တစ်ဦး မီးလောင်သေဆုံး
Reviewed by THITHTOOLWIN
on
17:34
Rating:
