မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွား


မြဝတီ ဖေဖော်ဝါရီ ၁၃

မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကျွန်းတော ဓမ္မာရုံလမ်း၌ ယနေ့ (၁၀း၃၀) နာရီအချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ကားများ အချိန်မီရောက်ရှိပြီး ရေသယ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်သိ လုပ်သားပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် (၁၁း၁၅) နာရီ အချိန်တွင် မီးညွှန့်ကျိုးသွားခဲ့သည်။

မီးလောင်မှုကြောင့် တန်းလျား (၂) လုံး၊ အိမ် (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး လူအသေအပျောက် မရှိကြောင်း ကနဦး သတင်းရရှိသည်။

မြဝတီ ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွား မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:00 Rating: 5
Powered by Blogger.