လမ်းဘေးဈေးရောင်းချနေသူများထံမှ အုပ်စုဖွဲ၍ မိုက်ကြေးခွဲ ငွေကြေး တောင်းခံသူများကို ဖမ်းဆီးအရေးယူ



Share/Bookmark

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂၆.၂.၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေး၊ နယ်မြေအတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်သူများဖမ်းဆီးရမိရေး၊ ဒုစရိုက်မှုကျူးလွန်လေ့ရှိသူများ ခိုအောင်းမှုမရှိစေရေးနှင့် အုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတတ်သူများအား ဖမ်းဆီးရှင်းလင်းနိုင်ရေးတို့အတွက် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဦးစီး၍ အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတို့နှင့် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း အုပ်စုဖွဲ့၍ လမ်ဘေးတွင် ဈေးရောင်းချနေသူများထံမှ မိုက်ကြေးခွဲငွေကြေးတောင်းခံမှုပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ၂၆.၂.၂၀၁၇ရက်နေ့ ၂၃၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် ဇော်မိုး၊ (၄၂)နှစ်(ဘ)ဦးအောင်မြို့၊ တွတ်ပီ(ခ)ညီညီထွေး၊ (၂၄)နှစ်၊ (ဘ)ဦးချွန်တွန်း၊ ကုလားကြီး(ခ)ဖြိုးဝေအောင်၊ (၁၉)နှစ်၊ (ဘ)ဦးစိန်လင်းနှင့် ဆန်းမင်းနိုင်၊ (၂၀)နှစ်၊ (ဘ)ဦးလှနိုင်တို့ ၄ ဦးအား ၎င်းတို့နေထိုင်ရာနေရာများတွင် အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဇော်မိုးပါ ၄ ဦးတို့အား စစ်ဆေးရာ အဆိုပါ လမ်းဘေး၌ဈေးရောင်းချနေသူများထံမှ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်
တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ