ရှေ့နေ ဦးကိုနီ လုပ်ကြံဖို့ သိန်းတထောင်ပေး စေခိုင်းသူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် နေအိမ်အား ချိတ်ပိတ်ထားခြင်းမရှိ
"ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်နေ့ )တွင် သတင်းထုတ်ပြန်ခဲ့သည့် ရှေ့နေကြီး ဦးကိုနီ လေဆိပ်တွင် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှု တတိယမြောက် ကွင်းဆက်တရားခံဖြစ်သော ဒုတိယဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်သူ ဦးအောင်ဝင်းခိုင်၏ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်း အမှတ် မ-၃၃ ရှိ နေအိမ်အား ညနေပိုင်းနှင့်ညပိုင်းတွင်တွေ့ရပုံ"
အဆိုပါနေအိမ်အား ချိတ်ပိတ်ထားခြင်းမရှိသကဲ့သို့ နေအိမ်ပတ်ဝန်းကျင်တွင် ထူးခြားမှု တစုံတရာမတွေ့ရဘဲ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းအချိန်အထိ ပုံမှန်အခြေနေတွင်သာရှိနေကြောင်း မြင်တွေ့ခဲ့ရသည်။
ဦးအောင်ဝင်းခိုင်သည် ယင်းမဏ္ဍိုင်လမ်း အမှတ် မ-၃၃ ရှိ နေအိမ်၌ ဇနီးသည်, သား ၂ ယောက်နှင့်အတူ နေထိုင်သည်မှာ ၁နှစ်ခန့်သာရှိသေးကြောင်း ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးညီညီထွေးက ပြောသည်။
အဆိုပါနေအိမ်သို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ နှစ်ကြိမ်ခန့် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖုန်း ၅ လုံးနှင့် လိပ်စာကဒ်များကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။
ဓါတ်ပုံ-လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
ရှေ့နေ ဦးကိုနီ လုပ်ကြံဖို့ သိန်းတထောင်ပေး စေခိုင်းသူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် နေအိမ်အား ချိတ်ပိတ်ထားခြင်းမရှိ
Reviewed by THITHTOOLWIN
on
23:24
Rating:
