လင်မယားချင်း စကားများရန်ဖြစ်သည်ကို ၀င်ရောက်ဖြန်ဖျေပေးသူအား မကျေနပ်၍ လင်ဖြစ်သူမှ တောခုတ်ဓားဖြင့်ခုတ်၍ လူတစ်ဦးသေဆုံး
ကျွန်းစု ဖေဖော်ဝါရီ ၁၃ ရက်
ကျွန်းစုမြို့နယ် ၊ ကဘင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကြီးကျေးရွာ၌ လင်မယားချင်းစကားများရန်ဖြစ်နေ သည်ကို ၀င်ရောက်ဖြန်ဖျေပေးသူအား မကျေနပ်၍လင်ဖြစ်သူက တောခုတ်ဓားဖြင့်ခုတ်၍ အသက်(၃၈)နှစ် အရွယ် အမျိးသားတစ်ဦး ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လည်(၁း၃၀)အချိန်ခန့်က သေဆုံးခဲ့ကြောင်း သိရှိရ သည်။
ဆိုပါဖြစ်စဉ်မှာ ကဘင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကြီးကျေးရွာ၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့နေ့လည် (၁း၃၀)အချိန်ခန့်က ၎င်းကျေးရွာနေ အသက်(၂၈)နှစ်အရွယ် ငတောက်(ခ)သန်းဝေဦးနှင့် ၎င်း၏ဇနီးဖြစ်သူ မ၀င်းမာအေးတို့ စကားများရန်ဖြစ်နေသည်ကို တစ်ရွာတည်းနေ အသက်(၃၈)နှစ်အရွယ် ဦးသန်းဦးမှ ၀င်ရောက် ဖြန်ဖျေပေးခဲ့ပြီးနောက် ဦးသန်းဦးမှ ရွာထဲရှိ မစန်းမူ၏ လက်ဖက်ရည်ဆိုင်သို့သွားရောက် ထိုင်နေစဉ် ငတောက် (ခ)သန်းဝေဦး ရောက်ရှိလာပြီး လင်မယားရန်ဖြစ်နေသည်ကို ၀င်ရောက်ဖြန်ဖျေပေးခြင်းအား မကျေနပ်၍ အသင့်ယူဆောင်လာသော အရိုးသွား(၃)ပေခန့်ရှိ တောခုတ်ဓားဖြင့်ခုတ်၍ ဦးသန်းဦးမှာ ပြတ်ရှဒဏ်ရာများ အသီးသီးရရှိ၍ လက်ဖက်ရည်ဆိုင်အတွင်းအခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ဦးသန်းဦး၏ ညီမတော်စပ်သူ မခိုင်နှင်းဆုက ဖေဖော်ဝါရီလ(၁၃) ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် ကံမော်နယ်မြေရဲစခန်း၌ ဥပဒေအရအရေးယူပေးရန် တရားလိုပြုလုပ်၍ တိုင်တန်းမှုကြောင့် ကံမော်နယ်မြေရဲစခန်းမှ (ပ)အမှတ် ၆/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ko kyunthar
https://www.facebook.com/ko.kyunthar
လင်မယားချင်း စကားများရန်ဖြစ်သည်ကို ၀င်ရောက်ဖြန်ဖျေပေးသူအား မကျေနပ်၍ လင်ဖြစ်သူမှ တောခုတ်ဓားဖြင့်ခုတ်၍ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
12:27
Rating:
