နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ (၃)ရပ်ကွက်တွင် လင်မယားချင်းစကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါ ရပ်ကွက်နေ ကျောင်ဇင်အောင်(ခ)အာမက်(၃၃)နှစ်နှင့် ဇနီးဖြစ်သူ မစန္ဒာလင်း(ခ)မဒရမ်ဘီ(၂၈)နှစ်တို့ လင်မယားချင်း စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူက ကြက်သွန်လှီးဓားဖြင့် ထိုးလိုက်သဖြင့် ကျောင်ဇင်အောင်(ခ)အာမက်၏ ဝဲဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိ၍ ပုသိမ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် မစန္ဒာလင်း(ခ)မဒရမ်ဘီ အား ပုသိမ်မြို့မ ရဲစခန်း (ပ)၇၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးက ဓားဖြင့်ထိုး၍ ခင်ပွန်းသေဆုံး
Reviewed by THITHTOOLWIN
on
20:31
Rating:
