အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောရှိ ရဲကားအားဝင်ရောက်တိုက်မိရာမှ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူသေဆုံး


ဘားအံ ဖေဖော်ဝါရီလ ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲကားလမ်းတွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊မွန်းလွှဲပိုင်းအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။

သတင်းအရစက်မှုဇုန်ရဲကင်းမှူး ရဲအုပ်မျိုးကျော်ညွန့်၊ ရဲတပ်ကြပ်ကြီးကျော်ခိုင်၊ သက်သေဦးမျိုးညွန့်ပါဝင်သောအဖွဲ့တို့နှင့် အတူအခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ မွန်းလွဲ(၂)နာရီ(၂၀)မိနစ် အချိန်ခန့်တွင် ဘားအံ-လှိုင်းဘွဲကားလမ်းအတိုင်း ဘားအံ ဘက်မှလှိုင်းဘွဲဘက်သို့ ရှာလာလာ၊ ၂၀နှစ်၊(ဘ)ဦးဆန်းလေးပြည်၊လယ်လုပ်၊ စံဖရီးကျေးရွာ၊ မောင်းနှင်ပြီး အောင်ဇဗ္ဗူဟိန်း၊၁၃နှစ်၊(ဘ)ဦးလှထွန်းဗွေ၊ စံဖရီးကျေးရွာနေသူ လိုက်ပါစီးနင်းလာသော ၂၄ယ/၃၃၃၂၁၊Dream အမဲရောင်ဆိုင်ကယ်သည် ဘားအံ-လှိုင်းဘွဲကားလမ်း၊ မိုင်တိုင်အမှတ် (1.6km)အနီး၊ ပေါ်လာဝီစာသောက်ဆိုင်ရှေ့အရောက် ၎င်းရှေ့မှမောင်းနှင်နေသော ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်သဖြင့် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိသွားကာ လမ်းမှန်အတိုင်း လှိုင်းဘွဲဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း ရဲတပ်ကြပ်စောလူထူးမောင်းနှင်သော 5C/9476 Grand Tiger (ရဲကား)အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသိရှိရသည်။


ယာဉ်တိုက်မှုကြောင့် ရှာလာလာတွင် ယာဒူးပေါက်ပြဲ၊ ၀ဲခြေသလုံးပွန်းပဲ့၊ ၀ဲဘက်ဝမ်းဗိုက်ခြမ်းပွန်းပဲ့ ဒဏ်ရာ၊၀ဲမျက်ခုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ နောက်မှလိုက်ပါလာသူ အောင်ဇဗ္ဗူဟိန်းတွင် ၀ဲပေါင်ကျိုး၊ ဝှေးစေ့ကွဲ၊ ပါးစပ်သွေးထွက်ဒဏ်ရာ (သတိမရ၊စိုးရိမ်ရ) ဒဏ်ရာများရရှိသွားခဲ့သဖြင့် ဘားအံဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ကုသစဉ် ညနေ(၄)နာရီ၊ (၂၅)မိနစ်အချိန်တွင် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင့်ကာ လမ်းကြောမရှင်းဘဲရှေ့မှယာဉ်အားကျော်တက်ပြီးတစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီးလမ်းမှန်အတိုင်း မောင်းနှင်နေသည့်ယာဉ်အား ၀င်ရောက် တိုက်မိခဲ့၍ ဒဏ်ရာများရရှိသေဆုံးစေသူ ဆိုင်ကယ်မောင်း ရှာလာလာအား ရဲအုပ်မျိုးကျော်ညွန့်မှတရားလိုပြုလုပ်ကာ ဘားအံမြို့မရဲစခန်းတွင် ယာဉ်(ပ)၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၈/၃၀၄-ကဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ရဲအုပ်မျိုးကျော်ညွန့်မှ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောရှိ ရဲကားအားဝင်ရောက်တိုက်မိရာမှ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူသေဆုံး  အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောရှိ ရဲကားအားဝင်ရောက်တိုက်မိရာမှ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူသေဆုံး Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.