တောင်ကြီး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာ၊ စက်မှုဇုန်အမှတ်(၁၂)ရပ်ကွက်၊ နယ်မြေ(၂)အိမ်အမှတ်(၂၂)၊ ၇လမ်းနှင့်၈လမ်းကြားရှိ ဟတ်ဟွမ်းကျောက်ပြား မျက်နာကျက်စက်ရုံအတွင်း အလုပ်သမားနေအိမ် ဦးအုန်းရွှေ၊ သွယ်မိုးထရံကာတဲ့ အိမ်တစ်လုံး ဖေဖော်ဝါရီ ၂၀ ရက်နေ့ညနေ ၅နာရီ ၁၅ မိနစ်အချိန်တွင် မီးစတင်လောင်မှုဖြစ်ပြီး ၁၇နာရီ၂၅ မီနစ်အချိန်၌ မီးငြိမ်းသက်နိုင်ခဲ့သည်။
မီးလောင်မူဖြစ်ပွားရာသို့ တောင်ကြီးခရိုင်၊ ရွှေညောင်၊ အေးသာယာမှ မီးသတ်ကား(၆)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်ပြည်သူ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များလာရောက် မီးငြိမ်းသတ်ပေးခဲ့ကြသည်။ သွယ်မိုးထရံကာ တစ် လုံး ဆုံးရှုးမှုတန်းဖိုး တစ်သိန်းသုံးသောင်းဖြစ်၍ ထိခိုက်မူမရှိခြင်း၊ အပူလွန်းကဲ့စွာဖြင့် မီးလောင်မူဖြစ်ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ကြီး၌ လျှပ်စစ်အပူလွန်းကဲ့၍ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:03
Rating:
