အရက်မူးပြီး ပြန်လာသူ လင်ယောင်္ကျားက အတူအိပ်ရန် ပြောဆိုရာမှ စကားများ ရန်ဖြစ်ပြီး ဓါးထိုးမှုဖြစ်ခါ မယားဖြစ်သူ သေဆုံး


တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု စိန်ပန်းမြိုင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၀၀း၄၅ နာရီခန့်က အရက်မူးပြီးပြန်လာသော လင်ယောင်္ကျားဖြစ်သူ ရဲဝင်း (ခ) ရဲကို အသက် (၂၃) နှစ် မှ ဇနီးဖြစ်သူ မယမင်းထက် အသက် (၁၉) နှစ် အား အတူအိပ်ရန် ပြောဆိုရာမှ စကားများ ရန်ဖြစ်ပြီး အသင့်ပါလာသော ဓါးဖြင့်ထိုးရာ မယမင်းထက် သေဆုံးသွားကြောင်း သိရှိရပါသည်။

ဖခင်ဖြစ်သူ ဦးရှမ်းလေး (၆၅) နှစ် အိပ်ပျော်နေစဉ် စီလုံး (ခ) ကိုဖြိုး အသက် (၂၀) နှစ် မှ မယမင်းထက်၏ ခင်ပွန်ဖြစ်သူ ရဲဝင်း (ခ) ရဲကိုက ဓါးဖြင့်ထိုးသဖြင့် သမီးဖြစ်သူ သေဆုံးနေကြောင်း လာရောက်ပြောကြားသဖြင့် သွားရောက်ကြည့်ရှုပြီး ဖခင်ဖြစ်သူ ဦးရှမ်းလေးမှ ရဲဝင်း (ခ) ရဲကိုအား အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားလာသဖြင့် ထွက်ပြေးသွားသော တရားခံအား စခန်းမှူး ရဲအုပ်တင်ဦး ဦးစီးပြီး အဖွဲ့ (၃) ဖွဲ့ ခွဲကာ ပိတ်ဆို့ရှာဖွေကြရာ နံနက် (၇) နာရီခန့်က ကင်းဆိပ်တံတားဘက်မှ အုတ်တွင်းမြို့ဘက်သို့ ထွက်သွားကြောင်း သတင်းအရ ခပေါင်းချောင်း တောင်ဘက်ထိပ် အုတ်တွင်းမြို့နယ် ၀ဲဒေါင့်ကျေးရွာအုပ်စု မကျီးပင်စုကျေးရွာ ဦးကျော်ဝင်း ဈေးဆိုင်တွင် အရက်ထိုင်သောက်နေသော တရားခံ ရဲကိုအား နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံအားဖမ်းဆီး၍ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများကို သိမ်းဆည်းပြီး တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၃/ ၂၀၁၇) ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

အောင်အောင်ခိုင် 24News Toungoo မှ သတင်းပေးပို့ပါသည်။

ဖေဖ၀ါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်
https://www.facebook.com/tgotharw
အရက်မူးပြီး ပြန်လာသူ လင်ယောင်္ကျားက အတူအိပ်ရန် ပြောဆိုရာမှ စကားများ ရန်ဖြစ်ပြီး ဓါးထိုးမှုဖြစ်ခါ မယားဖြစ်သူ သေဆုံး  အရက်မူးပြီး ပြန်လာသူ လင်ယောင်္ကျားက အတူအိပ်ရန် ပြောဆိုရာမှ စကားများ ရန်ဖြစ်ပြီး ဓါးထိုးမှုဖြစ်ခါ မယားဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.