မြောက်ဥက္ကလာဆေးရုံအတွင်း ခွင့်ပြုချက်မရှိပဲ ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တင်ခဲ့သည့် လူနာရှင်တစ်ဦးကို တိုင်ချက်ဖွင့်


မြောက်ဥက္ကလာဆေးရုံကြီးပရ၀ုန် အတွင်း ခွင့်ပြုချက်မရှိပဲ ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့ခြင်း ဆေးရုံသူနာပြု ဆရာမကြီးကို အော်ဟစ် ပြောဆိုခဲ့ခြင်းများအတွက် လူနာရှင် အမျိုးသားတစ်ဦးကို သက်ဆိုင်ရာဆေးရုံမှ ဖေဖော်ဝါရီလ ၉ရက်နေ့က မြောက်ဥက္ကလာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း အဆိုပါဆေးရုံ၏ ဆရာဝန်အသိုင်းအ၀န်းမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ရက်နေ့က မြောက်ဥက္ကလာ ဆေးရုံတွင် လူနာရှင် အမျိုးသားတစ်ဦးက ဆေးရုံအတွင်းဗီဒီယို ရိုက်ကူးနေ သဖြင့် တာဝန်ကျ သူနာပြုဆရာကြီး ဒေါ်ဆိုင်းတောင်က တားမြစ်ရာတွင် အဆိုပါ လူနာရှင်က ပြန်လည်အော်ဟစ် ပြောဆိုခဲ့သည်ကို ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် တင်ထားသည့် ဗီဒီယိုဖိုင်တွင်တွေ့မြင်ရသည်ဟု ဆိုသည်။


အဆိုပါ ရုပ်သံဖိုင်တွင် လူနာရှင်အမျိုးသားနှင့် အစိမ်းဝတ်အဆင့် သူနာပြု ဆရာမကြီးတို့ အပြန်အလှန်ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကို Minn Thaik အမည်ရှိ ဖေ့ဘုတ်စာမျက်နှာမှ တဆင့် ဖြန့်ဝေခဲ့သည်ဟု သိရသည်။
''တိုင်ချက်ဖွင့်ထားပါတယ်.၊တိုင်ချက်ကိုလည်း ကျွန်တော်တို့စီစစ်နေဆဲပါ'' ဟု
မြောက်ဥက္ကလာရဲစန်းမှ တာဝန်ကျသူက ဖေဖော်ဝါရီ ၉ ရက် နေ့ ည ၁၀ နာရီက ပြောသည်။

ယင်းဗီဒီဖိုင်နှင့် ပတ်သက်၍ ဖေ့ဘုတ်သုံးစွဲသူများနှင့် ဆရာဝန်များအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် ယင်းကဲ့သို့ ရိုင်းပြစွာပြောဆိုမှု ၊ ဆေးရုံအတွင်း ဗီဒီယိုရိုက်ကူးမှု၊ လူမှုကွန်ယက်တွင် ဗီဒီယိုဖြန့်ဝေခဲ့မှုတို့ အတွက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်အေးအေးသန့် ကိုယ်တိုင် တရားလိုပြုလုပ်ကာ တိုင်ကြားထားကြောင်းသိရသည်။

"ဒီိလို ရိုင်းစိုင်းစော်ကားသွားတာတွေအတွက် တရားလိုလုပ်တာတော့ ဆေးရုံအုပ်ပေါ့၊ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ ၀င်းသန္တာဖြူ လည်း ပူးပေါင်းပြီးတိုင်တာပေါ့၊ အခုတော့ ရဲစခန်းမှာ ပနံပတ် လည်း ထွက်နေပါပြီ" ဟု အဆိုပါ ဆေးရုံတွင် တာဝန်ကျနေသည့် ဆရာဝန်တစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။

The Ladies News
https://www.facebook.com/News.TheLadies/
မြောက်ဥက္ကလာဆေးရုံအတွင်း ခွင့်ပြုချက်မရှိပဲ ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တင်ခဲ့သည့် လူနာရှင်တစ်ဦးကို တိုင်ချက်ဖွင့်  မြောက်ဥက္ကလာဆေးရုံအတွင်း ခွင့်ပြုချက်မရှိပဲ ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တင်ခဲ့သည့် လူနာရှင်တစ်ဦးကို တိုင်ချက်ဖွင့် Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.