ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေနဂါးအိမ်ရာဝင်း တိုက်အမှတ် ၂၉၂ (A) လေးလွှာမှာ နေထိုင်သူ အသက်ခြောက်ဆယ့်ခုနှစ်နှစ်အရွယ်ရှိ ဦးထွန်းအောင်လင်းဟာ ဖေဖော်ဝါရီ(၃)ရက်နေ့လည်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ကနဦး သတင်းအချက်အလက်တွေ အရသိရပါတယ်။
အသတ်ခံခဲ့ရသူဟာ သဘောင်္သားဟောင်းတစ်ဦးဖြစ်ပြီး အိမ်မှာလင်မယားနှစ်ယောက်တည်းနေထိုင်တာ ဖြစ်တယ်လို့သိရပါတယ်။
အသတ်ခံရသူရဲ့ အမျိုးသမီးဟာမနက်(၉)နာရီခွဲအချိန်က အကြောင်းကိစ္စတစ်ခုနဲ့ အိမ်ကထွက်သွားပြီး နေ့လည်ပြန်လာချိန်မှာ ဦးထွန်းအောင်လင်း သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နောက်ထပ်ရရှိလာမယ့် သတင်းအချက်အလက်တွေကို ပြည်တွင်းသတင်းမှာ ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ဇော်မင်းသူ ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ဒဂုံမြို့နယ်တွင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:39
Rating:
