နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့၌ ကျင်းပသည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတက်ရောက်


နေပြည်တော် ဖေဖော်ဝါရီ ၁၂

နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကို ယနေ့ ည(၆)နာရီခွဲတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ညစာစားပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူတစ်ယောက်သည် လူဖြစ်လာလျှင် ကိုယ်တစ်ယောက်အတွက်သာ နေသွား၍၊ ကိုယ့်မိသားစု၊ ကိုယ့်အသိုက် အ၀န်းအတွက်သာ လုပ်ဆောင်သွား၍ လူဖြစ်ရကျိုးနပ်သည်ဟု မမြင်ပါကြောင်း၊ ကိုယ်နေသည့် အသိုက်အ၀န်းအတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်ထောင်စုအတွက် အကျိုးရှိအောင် တာဝန်ထမ်းဆောင်သွားမည်ဆိုလျှင် လူဖြစ်ရကျိုးနပ်ပြီဟု သတ်မှတ်၍ ရပါကြောင်း။



ယနေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည့် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် တချို့နှင့်လည်း တွေ့ခဲ့ပါကြောင်း၊ ထိုမိသားစုဝင်အများစုမှာ အသက်ကြီးနေပြီဖြစ်ပါ ကြောင်း၊ မိမိကိုယ်တိုင်လည်း မငယ်တော့ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အနာဂတ် အတွက် လုပ်ရန်သာ ရှိပါတော့ကြောင်း၊ ကိုယ့်အတွက် လုပ်ရန်အချိန်သိပ်မကျန် တော့ပါ ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါသည့်ပုဂ္ဂိုလ်များကို တိုက်တွန်းလို သည်မှာ နောင်လာနောင်သားများအတွက်၊ နောင်မျိုးဆက်များအတွက်လုပ်ဖို့ရာ ရရှိသည့် အခွင့်အရေးကို ထိုက်ထိုက် တန်တန် သုံးကြပါ။ ထိုသို့ ထိုက်ထိုက်တန်တန် သုံးခြင်းအားဖြင့် မိမိတို့သည် ဘ၀ကူးပြောင်းသွားသည့်အခါ စိတ်အေးလက်အေးနှင့်၊ ငါ့တာဝန်ကြေပြီ ဆိုသည့်စိတ်နှင့် သတ္တိရှိရှိ နောင်ဘ၀ကို ရင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒီနေ့၊ ဒီလိုအချိန်အခါတွင် တွေ့ဆုံနိုင်သည့် အခွင့်အရေးအတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ ပင်လုံမျိုးဆက်များသည် ကံကောင်းထောက်မသဖြင့် ဒီအချိန်အထိရှိနေကြ၊ ဆုံပိုင်ခွင့်ရကြခြင်းဖြစ်ပါကြောင်း၊ နောင်မျိုးဆက် အဆက်ဆက်တွင် မိမိတို့ ဘိုးဘွားများ၏ လုပ်ဆောင်မှုကြောင့်၊ ဘိုးဘွားများ တာဝန်ကျေပွန်မှုကြောင့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းဖြစ် သည်ဆိုသည့် စိတ်ဓာတ်များ ဖြစ်နိုင်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မီးပုံပွဲကို မီးရှို့ပေးသည်။

ညစာစားပွဲ၌ ရှမ်းကြီး၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ ကယန်း၊ မောရှမ်း၊ ပလောင်၊ ၀ ၊ ကိုးကန့်၊ လီဆူ၊ ကချင်၊ ဂုံရှမ်း၊ အာခါ နှင့် လားဟူ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖျော်ဖြေတင်ဆက်ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို အမှတ်တရလက်ဆောင် ပေးအပ်သည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့၌ ကျင်းပသည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတက်ရောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့၌ ကျင်းပသည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတက်ရောက် Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.