ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ကားနှင့်ဆိုင်ကယ်တို့တိုက်မိ တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းမပေါ်တွင် ဖေဖော်ဝါရီ (၉) ရက်၊ နေ့လည်ပိုင်းက တပ်မတော်သားတစ်ဦးမောင်းနှင်လာသောကားနှင့် ဆိုင် ကယ်တို့တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးကာ ဆိုင်ကယ်နောက်တွင်လိုက်ပါလာသူမှာ ဒဏ်ရာပြင်းထန် စွာရရှိခဲ့ကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ သိရှိရသည်။
"ဆိုင်ကယ်သမားက ရှေ့ကသွားနေတဲ့ကားကို နောက်လိုက်နေပြီးတော့ ကျော်တက်တာ။ တစ်ဖက်ယာဉ်ကြော ကို ရောက်သွားပြီး မျက်နှာချင်းဆိုင်ကလာတဲ့ကားနဲ့တိုက်မိတာ ဆိုင်ကယ်သမားကတော့ ဖြစ်တဲ့နေရာမှာပဲ ဆုံး သွားတယ်။ ဆိုင်ကယ်နောက်ကစီးလာတဲ့သူက ဝဲဘက်ခြေထောက်ကျိုးသွားပြီး စိုးရိမ်ရလို့ သထုံခရိုင်ပြည်သူ့ ဆေးရုံကို တင်ပို့ထားပါတယ်။''ဟု သိမ်ဆိပ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မောင်ဇော်ကပြောသည်။
ဖြစ်စဉ်မှာ ဗိုလ်ခမ်းကွင်းကုန်းဆင်း ကမာစိုင်ကျေးရွာအနီး မိုင်တိုင်အမှတ်(၁၃၃/၇)နှင့် (၁၃၄/၀)အကြားတွင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း စောအောင်ငယ်(၂၂)နှစ်၊ ကမာစိုင်ကျေးရွာနေသူ မောင်းနှင် ပြီး ဆိုင်ကယ်အနောက်မှ ရန်ဝင်း(၂၃)နှစ်၊ ကမာစိုင်ကျေးရွာနေသူစီးနင်းလာသော Dream 125 ခိုပြာရောင် နံ ပါတ်မရှိဆိုင်ကယ်သည် ရှေ့မှမော်တော်ယာဉ်တစ်စီးအား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး ဘီးလင်းမြို့ဘက်မှ သထုံဘက်သို့ ယာဉ်မောင်း ဒုအရာခံဗိုလ် ဦးအောင်ကြည်ထွန်း(၅၁)နှစ်၊ လရဆသပခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ဖူဆိုအမျိုးစား(၆)ဘီးယာဉ်၏ အရှေ့ဝဲဘက်ဘန်ပါအစွန်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ စောအောင်ငယ်သည် အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး နောက်မှစီးနင်း သူ ရန်ဝင်းသည် ဝဲဘက်ခြေထောက်ကျိုးဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရ ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စောအောင်ငယ်နှင့် ဦးအောင်ကြည်ထွန်းအား သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၄/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့်အမူဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ကားနှင့်ဆိုင်ကယ်တို့တိုက်မိ တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:13
Rating:
