![]() |
ဓာတ်ပုံ-Glock Lock FB |
၎င်းက “တပ်မတော်က လာစစ်တယ်ဆိုတဲ့ သတင်းကမှန်ပါတယ်။ ၁၁ နာရီ ၄၅ မိနစ်လောက်က ကျွန်တော်တို့ဆီ ရောက်လာတယ်။ သူတို့ပြောတာက ကျွန်တော်တို့မှာ လက်နက်၊ ဗုံးတွေဘာတွေ ရှိတယ်ပြောပြီးတော့ လက်နက်တွေဘာတွေ စစ်တယ်။ ကျွန်တော်တို့က လက်နက်မှ မကိုင်ဘဲဆိုတော့ ကျွန်တော်တို့ စစ်လည်း မတွေဘူးပေါ့။ ဟိုး ၁၉၉၅ ခုနှစ်ကတည်းက ရေးမှာဆက်ဆံရေးရုံး ဖွင့်လာတာကြာပြီ။ ကျွန်တော်လည်း ဒီလိုလာစစ်တာကို တစ်ခါမှမကြားဖူးဘူး။ အခုချိန်အထိ မပြန်သေးဘူး ရုံးမှာရှိတုန်းပဲ။ ကျွန်တော်တို့ စကားပြောစက် ဧရိယာကြိုးတွေ သိမ်းလို့ပေးနေလို့ အခုဧရိယာကြိုးဖြုတ်နေလို့ မပြန်ကြသေးဘူး” ဟု ပြောသည်။
ထိုကဲ့သို့ ဆက်ဆံရေးရုံးများ ၀င်ရောက်မစစ်ဆေးမီ ဖေဖော်ဝါရီ ၁၄ ရက်က မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်စခန်း ချထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တပ်ဒိန်ရှိ ဘုရားတောင်စခန်းနှင့် သံဖြူဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ကျေးရွာတို့ရှိ စခန်းနှစ်ခုကို ဗိုလ်မှူးရဲနောင်လတ် ဦးစီးသည့် မြန်မာ့တပ်မတော်မှ သိမ်းပိုက်ထားကြောင်း သံလွင်တိုင်းမ် သတင်းဌာနဖော်ပြချက်အရ သိရသည်။
အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှ စစ်ရေးပြပြီး ဗဟိုဌာနချုပ်သို့ ပြန်သည့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ယာဉ်တန်းကိုလည်း မြန်မာ့တပ်မတော်မှ တားဆီးရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ကာ လက်နက်နှင့် ကျည်ဆံအချို့ကိုသိမ်းဆည်း မှုများလည်း ပြုလုပ်ခဲ့သေးသည်ဟု သတင်းများအရ သိရသည်။
ရေးမြို့နယ် ဆက်ဆံရေးရုံးမှာ တာဝန်ရှိသူက “ဟိုနေ့တုန်းက ပြန်လာတယ်။ ဘုရားသုံးဆူဘက်က ပြန်လာသူတွေကို အသေးစိတ်တော့ မသိဘူး။ စစ်တော့ စစ်တယ်လို့ ကြားတာပဲ”ဟု ပြောသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ထိုအချိန်မှစတင်ကာ ယခုအချိန်အထိ မြန်မာ့တပ်မတော်နှင့် တစ်ခါမျှ ထိတွေ့တိုက်ပွဲတစ်ပွဲမှ မဖြစ်ခဲ့ဖူးသေးသော အဖွဲ့ဖြစ်သည်။
ယခု လုပ်ဆောင်လျက်ရှိ သည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မွန်ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ပြည်ထောင်စုအဆင့်ကို ၂၀၁၂ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံလက်မှတ်ထိုး ချုပ်ဆိုခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။
The Ladies News
https://www.facebook.com/News.TheLadies/
ရေးမြို့နယ်ရှိ ( မွန်လက်နက်ကိုင် ) မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအား တပ်မတော်မှ ၀င်ရောက်စစ်ဆေး
Reviewed by THITHTOOLWIN
on
16:48
Rating:
