အစိုးရနှင့်တပ်မတော်သည် စိတ်တူသဘောတူဖြင့် ဆောင်ရွက်နေဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးပြော


အစိုးရနှင့်တပ်မတော်သည် စိတ်တူသဘောတူဖြင့် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်း များအနေဖြင့်လည်း တပ်မတော်နှင့် အတူ လိုက်ပါစေလိုသည်ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဖေဖော်ဝါရီ ၂၈ ရက်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

မုံးကိုးဖြစ်​စဉ်​နှင့်​ ​မောင်​​တောဖြစ်​စဉ်​များနှင့်​ပတ်​သက်​ပြီး ဗိုလ်​ချုပ်​ကြီး မြထွန်းဦးက ​နေပြည်​​တော်​ရှိ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး(ကြည်း)တွင်​ ​ဖေ​ဖော်​ဝါရီ ၂၈ရက်​၊ မွန်းလွဲ ၂နာရီတွင်​ သတင်းစာရှင်းလင်းပွဲတစ်​ရပ်ပြုလုပ်စဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်​တွင်​ လက်​မှတ်​မထိုးဘဲ နိုင်​ငံ​ရေးအခွင့်​အ​ရေးများကို ​ပြောဆိုပိုင်​ခွင့်​မရှိသလို ငြိမ်းချမ်း​ရေးရဖို့အတွက်​ လက်​နက်​အားကိုးဖြင့်​ ဖြတ်​လမ်းနည်းသုံးပြီး ​ဆောင်​ရွက်​၍ မရနိုင်​ဟုလည်း သတင်းစာရှင်းလင်းပွဲတွင်​ ပြောကြားသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ရန် တပ်မတော်အနေဖြင့် ၁၀၀ရာခိုင်နှုန်း မျှော်လင့်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင်ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ နိုင်ငံခြားသတင်းထောက်များအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ယက်တို့မှ အဖွဲ့ဝင်များ၊ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
အစိုးရနှင့်တပ်မတော်သည် စိတ်တူသဘောတူဖြင့် ဆောင်ရွက်နေဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးပြော အစိုးရနှင့်တပ်မတော်သည် စိတ်တူသဘောတူဖြင့် ဆောင်ရွက်နေဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးပြော Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.