စာအိတ်ဗုံးသတိပေးချက် ပြည်သူ့လွှတ်တော်၌ ထုတ်ပြန်


လူတွေကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင်၊ သေဆုံးအောင် စီမံပြုလုပ်ထားတဲ့ ဗုံးအမျိုးအစားတစ်မျိုးဖြစ်တဲ့
စာအိတ်ဗုံး သတိပေးချက်တစ်ရပ်ကို ပြည်သူ့လွှတ်တော်မှာ ထုတ်ပြန်ထားတယ်လို့ ပြည်သူ့လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးဦးကိုကိုနိုင်ကပြောပါတယ်။

 စာအိတ်ဗုံးဆိုတာ သာမာန်စာအိတ်(ဒါမှမဟုတ်)ပါဆယ်ထုတ်ကိုစာတိုက်မှသော်လည်းကောင်း၊ကြားခံပေးပို့သူထံကနေ လက်ခံရရှိတဲ့အခါမှာသော် လည်းကောင်း၊ ဖွင့်ဖောက်တဲ့ အခါမှာသော်လည်းကောင်း ပေါက်ကွဲမှုဖြစ်ပေါ်စေပြီး စာအိတ်(ဒါမှမဟုတ်)ပါဆယ်ထုတ်ဖွင့်သူကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင်၊သေဆုံးအောင် စီမံပြုလုပ်ထားတဲ့ ဗုံးအမျိုးအစားဖြစ်တယ်လို့သိရပါတယ်အဲဒီထုတ်ပြန်ချက်ကိုလွန်ခဲ့တဲ့တစ်ပတ်လောက်ကစတင်ကာထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီလိုထုတ်ပြန်ရတာကလည်းနိုင်ငံတကာမှာလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊အကြမ်းဖက်မှုတွေများစွာဖြစ်ပေါ်နေတဲ့အတွက်ပြည်သူ့လွှတ်တော်ဝန်ထမ်းတွေကိုလုံခြုံရေးအသိရှိစေဖို့ထုတ်ပြန်တာဖြစ်တယ်လို့ဦးကိုကိုနိုင်ကပြောပါတယ်။ စာအိတ်ဗုံးကို ယမ်းဘီးလူး ၊စနက်တံ၊ စွမ်းအင်ရရှိမှု၊ ခလုတ်ပိုင်း စတဲ့အမျိုးအစားတွေကို အသုံးပြုပြီး တည်ဆောက်လေ့ရှိတယ်လို့ လည်းသိရပါတယ်။ လက်ရှိအနေအထားအရပြည်သူ့လွှတ်တော်မှာသံသယဖြစ်ဖွယ်အနေအထားမရှိပေမယ့်ရုံးဌာနရဲ့သဘောတရား
အရပုံစံမျိုးစုံနဲ့စာတွေဝင်တာရှိတဲ့အတွက်ရောက်ရှိလာတဲ့စာအိတ်တွေကိုဂရုတစိုက်စစ်ဆေးတတ်စေဖို့အတွက်အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့လည်းဦးကိုကိုနိုင်ကပြောဆိုပါတယ်။

အခုထုတ်ပြန်ချက်ကို လွှတ်တော်ကော်မတီ အားလုံးကို အသိပေးထားပြီး ဖြစ်ပေါ်လာနိုင်တဲ့နည်းလမ်းတွေကိုလည်း လွှတ်တော်အတွင်းရှိ ၀န်ထမ်းတွေပိုမိုသိရှိ အောင်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။အခုနောက်ပိုင်း နေပြည်တော်မှာ လုံခြုံရေးအင်အားတွေကိုလည်း တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ (၁၉၇၀)ပြည့်နှစ် ကာလ တွေမှာကမ္ဘာတစ်ဝှမ်းလုံးရှိအစ္စရေးနဲ့အမေရိကန်နိုင်ငံတကာ သံတမန်အဖွဲ့အစည်းတွေကို စာအိတ်ဗုံးများစွာ ပေးပို့ခဲ့ကြပြီးအဲဒီစာအိတ်ဗုံးတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားက ပေးပို့ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒီသတင်းကို နေပြည်တော်ဗျူက မင်းဇင်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
စာအိတ်ဗုံးသတိပေးချက် ပြည်သူ့လွှတ်တော်၌ ထုတ်ပြန်  စာအိတ်ဗုံးသတိပေးချက် ပြည်သူ့လွှတ်တော်၌ ထုတ်ပြန် Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.