ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့


ဖေဖော်ဝါရီ ၁၈ရက် ညနေ ၆ နာရီက အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင်အားကစားကွင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓာရုံကျောင်းတိုက်၊ ဇယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါ ဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တအဂိယ၏ ရုပ်ကလာပ်တော်အား အန္တိမဈာပန သာဓုကိဠနပူဇော်ပွဲပြုလုပ်ရာ ရုပ်ကလာပ်တော်မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့ကြောင်း အန္တိမဈာပန သာဓုကိဠနပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

နိုင်ငံတော်သြဝါ ဒါစရိယစုဒ္ဒသမ ရွှေကျင်သာ သနာပိုင် ဆရာ တော်ကြီးအဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ်တော်မှ ကြွင်းကျန်ရစ်ခဲ့သော ဓာတ်တော်မွေတော်များမှာ ဦးနှောက်တော်၊သွား တော်နှင့် အရိုးတော်များဖြစ်ကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မှ ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.