![]() |
အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက်တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ သံဃာ ၁၀ ပါးကျော်နဲ့ လူ ၂၀ လောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: Kaung Htet Kyaw/RFA |
ဘာသာရေးအခမ်းအနားကို အကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်တာတွေကြောင့် လာရောက်ဆန္ဒပြတာဖြစ် တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။
အစ္စလာမ်တွေရဲ့ တမန်တော်နေ့အခမ်းအနားကို ဒီနေ့ ညနေ ၆ နာရီမှာ စတင်ကျင်းပတာဖြစ်ပါတယ်။
အခမ်းအနားကို ၁၄၉၁ ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီက ဦးစီးကျင်းပ တာဖြစ်ပြီး နိုင်ငံတကာသံတမန်တချို့ တက်ရောက်နေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးတို့ကို ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက်ဆန္ဒပြ
Reviewed by THITHTOOLWIN
on
21:01
Rating:
