အီရတ်မှာ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေးတို့အကြား တိုက်ခိုက်မှုဖြစ်ပွား

အစိမ်း ရောင် နယ်မြေ ထဲကို လောင်ချာ နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိ
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့မှာ ဘာသာရေး ခေါင်းဆောင် မက်တာဒါ အယ်လ် ဆာဒါး ကို ထောက်ခံ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေး တပ်ဖွဲ့ တို့ အကြား က တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး ခဲ့ရပါတယ်။

သောင်းနဲ့ချီ တဲ့ ဆန္ဒပြသူတွေ ဟာ အစိုးရ ရဲ့ အကျင့်ပျက် ချစားမှုတွေ ကို ပြစ်တင် ရှုံ့ချ ခဲ့ကြပြီး ရွေးကောက်ပွဲ ကော်မရှင် အသစ် ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်း ဆို နေကြတာ ဖြစ်ပါတယ်။

အစိုးရ အဆောက်အအုံ တွေ နား ကို ချည်းကပ်လာတဲ့ ဆန္ဒ ပြသူတွေ ကို လုံခြုံရေး တပ်ဖွဲ့ တွေက တားဆီးဖို့ ကြိုးစား စဉ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာပါ။

ဘဂ္ဂဒက် မြို့က နိုင်ငံခြား သံရုံး တွေ နဲ့ အစိုးရ အဆောက်အအုံတွေ ရှိတဲ့ လုံခြုံရေး တင်းကြပ် ထားတဲ့ အစိမ်း ရောင် နယ်မြေ ထဲကို လောင်ချာ နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီရတ်မှာ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေးတို့အကြား တိုက်ခိုက်မှုဖြစ်ပွား အီရတ်မှာ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေးတို့အကြား တိုက်ခိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.