ပုသိမ်-ရန်ကုန်ကားလမ်းမှာ ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦး သေဆုံး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကန့်ကြီးထောင့်မြို့နယ်၊ ပုသိမ်-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၇/၀-၁)ကြား၊ အပင်နှစ်ဆယ် ကျေးရွာအနီးတွင် ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူသေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


 စစ်ဆေးချက်အရ ဒါးကမြို့ဘက်မှ ပုသိမ်မြို့ဘက်သို့ ငါးသိုင်းချောင်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေ အောင်ကျော်မိုး(၄၀)နှစ် မောင်းနှင်ပြီး မိခင်ဖြစ်သူ ဒေါ်ပုစိန်(၆၀)နှစ် လိုက်ပါလာသော ၅၂ယ/××××× Honda Wave-110 အနက်ရောင်ဆိုင်ကယ်နှင့် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးစိုးဝင်း(၅၅)နှစ် မောင်းနှင်လာသည့် 2B/×××× အောင်သရဖူ ခရီးသည်တင်မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အောင်ကျော်မိုးနှင့် ဒေါ်ပုစိန်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွား ကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မောင်း ဦးစိုးဝင်းနှင့် အောင်ကျော်မိုးတို့(၂)ဦး အား ကန့်ကြီးထောင့်မြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

သစ်ထူးလွင်

ပုသိမ်-ရန်ကုန်ကားလမ်းမှာ ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦး သေဆုံး ပုသိမ်-ရန်ကုန်ကားလမ်းမှာ ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.