လက်သဲကျင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား


တောင်သာ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ်၊ လက်သဲကျင်ကျေးရွာနေ ဦးချိုလင်း(ဘ)ဦးသိန်း ဆောင် (၄×၃) ပင်ထန်းရွက်မိုး၊ထရံကာ လူနေအိမ်(၂)ထပ်မှ ဖေဖော်ဝါရီ(၂၅)ရက်၊ နံနက်(၉)နာရီမိနစ်(၁၀)ခန့် တွင် မီးကြွင်းမီးကျန်မှ မီးပေါ့ဆမှုကြောင့်မီးစတင်လောင်ကျွမ်းခဲ့ပြီး ဦးထွန်းမင်း(ဘ)ဦးဘကျောက်(၃×၃)ပင်သွပ်မိုး၊ထရံကာ၊ လူနေအိမ်(၂)ထပ်အား ကူးစက်လောင်ကျွမ်းခဲ့သည်။


မီးလောင်ရာသို့ မြို့ နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ ဝင်များ၊ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ကျေး ရွာနေ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ(၉)နာရီမိနစ်(၂၀)အချိန်တွင်မီးညွန့် ကျိုးခဲ့ရာ(၉)နာရီ(၂၅)မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်မှုကြောင့် လူနေအိမ်(၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူအား တောင်သာ မြို့ မ ရဲတပ်ဖွဲ့  စခန်း၌ အမှုဖွင့်လှစ်၍ ဥပဒေအရအရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လက်သဲကျင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား လက်သဲကျင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.