ဂါနာ နိုင်ငံ ရှိ မူကြိုကျောင်း တစ်ခု စာသင်ခန်းပြိုကျမှုကြောင့် ကလေးငယ် အနည်းဆုံး ၆ ဦးသေဆုံးခဲ့

ဂါနာ နိုင်ငံ ရှိ မူကြိုကျောင်း စာသင်ခန်း တစ်ခု အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    အက်ခရာ ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

    ဂါနာ နိုင်ငံ သတင်း မီဒီယာ များက ဂါနာ နိုင်ငံ အလယ်ပိုင်း  Breman Gyambra မြို့ရှိ မူကြိုကျောင်း တစ်ခု သည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် စာသင်ခန်း ပြိုကျမှု ဖြစ်ပွား ခဲ့ရာ ကလေးငယ် အနည်းဆုံး ၆ ဦးသေဆုံးကာ ၊ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များတွင် အခင်းဖြစ်ပွားချိန်သည် ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကလေးငယ် ၄ ဦးသေဆုံးခဲ့ကာ ကျန်ကလေးငယ် ၂ ဦးမှာ ဆေးရုံသို့ပိုဆောင်နေစဉ်  သေဆုံး ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားပြီး နောက်တွင် ဒေသတွင်း ရဲတပ်ဖွဲ့တို့မှ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသည့် ကလေးငယ် အားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://xinhuamyanmar.com
ဂါနာ နိုင်ငံ ရှိ မူကြိုကျောင်း တစ်ခု စာသင်ခန်းပြိုကျမှုကြောင့် ကလေးငယ် အနည်းဆုံး ၆ ဦးသေဆုံးခဲ့  ဂါနာ နိုင်ငံ ရှိ မူကြိုကျောင်း တစ်ခု စာသင်ခန်းပြိုကျမှုကြောင့် ကလေးငယ် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.