ရန်ကုန် ဖေဖော်ဝါရီ ၁ဝ
နိုင်ငံခြားသားများနှင့်လိင်ပျော် ပါးရန်အတွက် အသက်မပြည့်သေး သောမိန်းကလေးငယ်တချို့ကို စေ ခိုင်းခဲ့သည့်အမျိုးသမီးကို ဖေဖော်ဝါရီ (၉)ရက်နေ့ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရား ရုံးက လူကုန်ကူးမှုဥပဒေပုဒ်မ ၂၄အရအလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
အဆိုပါ အသက်မပြည့်သော မိန်းကလေးငယ်များမှာ အသက် ၁၃နှစ်သာရှိသေးသည့်မိန်းကလေး တစ်ဦးအပါအဝင်မိန်းကလေးငါးဦး ကို ရန်ကုန်မြို့ရှိ ညကလပ်များကို လာရောက်လည်ပတ်သောတရုတ်၊ ဂျပန်၊ကိုရီးယားစသည့်နိုင်ငံခြားသား များထံပြည့်တန်ဆာအဖြစ် ခိုင်း စေခဲ့သည့်အသက်(၅၂နှစ်) အရွယ် ရှိ မဝေ(ခ)ဝေဝေဦးကို လူကုန်ကူး မှုဖြင့် တောင်ဥက္ကလာပရဲစခန်းမှ တရားလိုဒုရဲမှူး ဦးဝင်းနိုင်ဦးက ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက အမှု ဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် အမှတ်(၅)ရပ်ကွက်နေ မဝေ (ခ)မဝေဝေဦးကအသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါ အဝင် မိန်းကလေးငါးဦးကို ၄င်း ၏နေအိမ်တွင်ထားရှိပြီး ညဘက် တွင် သိမ်ကြီးဈေးရှိ အင်ပါယာ နိုက်ကလပ်သို့ပို့ဆောင်ကာကလပ် ကိုလာရောက်သည့်နိုင်ငံခြားသား များက ပျော်ပါးလိုကြောင်းပြော လျှင် ဟိုတယ်၊ မိုတယ်များသို့ ပို့ ကာ တစ်ဦးကိုငွေကျပ်၈ဝဝဝဝ ယူ ကာ မိန်းကလေးများကို ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသူနိုင်ငံခြားသား တစ်ဦးက SAVE THE CHILDREN ကို သတင်းပေးသောကြောင့် စုံစမ်းစစ်ဆေးရာ တရားခံနှင့် ခိုင်း စေခံရသူမိန်းကလေးများကိုတရားခံ ၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
တောင်ဥက္ကလာပမြို့မရဲတပ်ဖွဲ့ ၏ ပြောကြားမှုအရ ပြည့်တန်ဆာ အဖြစ်ခိုင်းစေခံရသည့် မိန်းကလေး များက လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ကွမ်းခြံကုန်းစသည့် မြို့နယ် များမှဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
The Union Daily
https://www.facebook.com/uniondaily.net
အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့် လိင်ပျော်ပါးခိုင်းသူကို ထောင်ဒဏ်၁၅နှစ်ချ
Reviewed by THITHTOOLWIN
on
19:53
Rating:
