ဆိပ်ကမ်းကနေ တစ်နှစ်ကျော်ကြာ ထုတ်ယူခြင်းမရှိတဲ့ ယာဉ်အစီးရေ တစ်ထောင်ကျော် ရှိ

သီလ၀ါဆိပ်ကမ်းမှာထားရှိထားတဲ့ မော်တော်ကားတွေကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ပြည်ပကတင်သွင်းလာပြီး သီလ၀ါဆိပ်ကမ်းမှာ တစ်နှစ်ကျော်ကြာ ရောက်ရှိနေပေမယ့် လာရောက် ထုတ်ယူခြင်းမရှိတဲ့ မော်တော်ယာဉ်အစီးရေ တစ်ထောင်ကျော်ကို နိုင်ငံပိုင် သိမ်းဆည်းသွားမယ်လို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

တစ်နှစ်ကျော်ကြာလာရောက်ထုတ်ယူခြင်းမရှိတဲ့မော်တော်ယာဉ်တွေကို နိုင်ငံတော်ကို အပ်နှံသွားမှာဖြစ်ပြီး လေလံတင်ဖို့မရှိဘူးလို့ ဆိပ်ကမ်းအာဏာပိုင် ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် က ပြောပါတယ်။

"တစ်နှစ်ကျော်ကြာရင် နိုင်ငံပိုင်သိမ်းခွင့်ရှိတယ် ဘာမှလာမဆက်သွယ်ပဲနဲ့ တစ်နှစ်ကျော်ကြာရင် နိုင်ငံတော်က သိမ်းတယ် ပြီးရင် နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုအရ ဌာနဆိုင်ရာပေးရင်ပေးတယ် သမ္မတရုံးရဲ့ ညွှန်ကြားချက် အစိုးရညွှန်ကြားချက်အရ လုပ်ပေးတယ်"

ဆိပ်ကမ်းကိုရောက်ရှိပြီး နှစ်လကျော်ကြာထုတ်ယူခြင်းမရှိတဲ့ မော်တော်ယာဉ်တွေကို လေလံစာရင်း သွင်းထားပြီး လာရောက်ထုတ်ယူတာတွေ ရှိရင် လေလံ စာရင်းကနေ ပယ်ဖျက်ပြီး ပြန်လည် ထုတ်ပေး တာမျိုးတွေလည်းရှိတယ်လို့ ပြောပါတယ်။

နိုင်ငံပိုင်သိမ်းဆည်းမယ့် မော်တော်ယာဉ်တွေဟာ မော်ဒယ်မြင့် အမျိုးအစားတွေဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်နှစ်ကျော်ကြာတဲ့အထိ လာရောက် ထုတ်ယူခြင်း မရှိတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဆိပ်ကမ်းကနေ တစ်နှစ်ကျော်ကြာ ထုတ်ယူခြင်းမရှိတဲ့ ယာဉ်အစီးရေ တစ်ထောင်ကျော် ရှိ ဆိပ်ကမ်းကနေ တစ်နှစ်ကျော်ကြာ ထုတ်ယူခြင်းမရှိတဲ့ ယာဉ်အစီးရေ တစ်ထောင်ကျော် ရှိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.