နေပြည်တော်မှာ လူတစ်ယောက်ကို သေလောက်အောင် ဓားနဲ့ခုတ်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ဆိုတဲ့ လူရမ်းကားကို ဖမ်းဆီးလိုက်ပြီ

လူတစ်ယောက်ကို သေလောက်အောင် ဓားနဲ့ခုတ်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ဆိုတဲ့ လူရမ်းကားကို ဒက္ခိဏသီရိ မြို့မစခန်းမှူးကြီးမှ ကိုယ်တိုင် သွားရောက်ဖမ်းဆီးလိုက်ပြီ
နေပြည်တော်၊ ဖေဖော်ဝါရီ၊ ၁၄ရက်

(၁၄.၂.၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပေါက်တောရွာ၊ ရန်အောင်မြင်အုပ်စုမှာ နေထိုင်သူ"ဦးဝင်းဘို"သည် မွန်းလွဲပိုင်းချိန် အိမ်မှ ထွက်အလာ သူ့ရဲ့"ထင်း"တွေကို ယူပါတယ်လို့ဆိုပြီး နောက်ကနေ "ဓား"ကိုင်လိုက်လာတဲ့ တစ်ရွာတည်းနေထိုင်သူ "ကျော်နိုင်"မှ"ဓားမ"ဖြင့် ခုတ်ခဲ့သည်ဟုဆိုသော သတင်းအား ရရှိခဲ့ပါသည်။

အဆိုပါ အခင်းဖြစ်စဉ်အား စုံးစမ်းခဲ့ရာ (၁၅.၂.၂၀၁၇)ရက်နေ့ (၁၁း ၄၅)နာရီ အချိန်တွင် ဦးဝင်းဘို၊ ၅၃နှစ်၊ (ဘ) ဦးလှရွှေ ရန်အောင်မြင်အုပ်စု၊ ပေါက်တောရွာ၊ ဒက္ခိဏသီရိမြို့နယ်တွင်နေထိုင်
သူမှ ဒက္ခိဏသီရိမြို့မစခန်းသို့ အမှုဖွင့်တိုင်းတန်းခဲ့သည်ဟုဆိုသည်။


ဦးဝင်းဘို တိုင်တန်းသည်မှာ ၎င်းသည် (၁၄.၂.၂၀၁၇)ရက်နေ့ (၁၇း ၃၀)နာရီ အချိန်ခန့်တွင် ရွာထိပ်တံတားသို့သွားရန် နေအိမ်မှ တစ်ဦးတည်းထွက်လာစဉ် နေအိမ်ခေါင်းရင်းဘက် လမ်းကြားသို့ အရောက်၌ တစ်ရွာတည်းနေ ကျော်နိုင်မှ ဓားမကိုင်၍ နောက်မှလိုက်လာသဖြင့် နောက်သို့ ပြန်လှည့်ကြည့်စဉ် ကျော်နိုင်မှ "မင်းငါ့ထင်း တွေပြန်ပို့ မင်းက လူမိုက်လား" ဟုပြောရာ ၎င်းမှ "မင်းထင်တွေကို ငါက ဘာဖြစ်လို့ယူရမှာတုန်း၊ မယူပါဘူးကွာ ငါ့တူရာ" ဟု တောင်းပန်ပြီးပြောဆိုရာတွင် ကျော်နိုင်မှ လက်ထဲရှိ ဓားမဖြင့် ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ(၁) ချက်၊ နောက်စေ့တွင် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲပါးတွင် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ဝဲဘက်ရင်အုံတွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ညာလက်ခလယ် လက်သန်းကြွယ်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မအောက်နှင့် ဝဲဘက်လက်သန်းတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ရာ ကုတင်(၁၀၀၀)ဆေးရုံတွင်အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။


 ၎င်းအား ဒဏ်ရာ များရရှိအောင် ဓားမဖြင့်ခုတ်သူ ကျော်နိုင်အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းလာသဖြင့် အမှုအား ဒက္ခိဏသီရိမြို့မရဲစခန်းမှ (၁၅.၂.၂၀၁၇)၇က်နေ့ (၁၂း ၁၀)နာရီအချိန်တွင် (၇၂ /၂၀၁၇) ရာဇသတ်ကြီး ပုဒ်မ၊ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း စုံစမ်းသိ
ရှိခဲ့ရပါသည်။

စစ်သည်တော်(န.ပ.တ)
နေပြည်တော်မှာ လူတစ်ယောက်ကို သေလောက်အောင် ဓားနဲ့ခုတ်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ဆိုတဲ့ လူရမ်းကားကို ဖမ်းဆီးလိုက်ပြီ  နေပြည်တော်မှာ လူတစ်ယောက်ကို သေလောက်အောင် ဓားနဲ့ခုတ်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ဆိုတဲ့ လူရမ်းကားကို ဖမ်းဆီးလိုက်ပြီ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.