လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် ကုန်တင်ရထားတစ်စီး လမ်းချော်ရာမှ ရထားတွဲ ၂၂တွဲ မြစ်တစ်စင်းအတွင်းသို့ ပြုတ်ကျခဲ့ပြီး ယင်းမတော်တဆမှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ပြည်တွင်းရုပ်သံလိုင်း KCRA TV က ရထားလမ်းချော်သွားစဉ်၌ ရထားပေါ်တွင် လူ၃ဦးလိုက်ပါလာကြောင်း နှင့် Elk Grove မြို့အနီးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေလည်၁၂း၄၅နာရီ က တိမ်းမှောက်ခြဲ့ခင်းဖြစ်ကြောင်း Union Pacific Railroad ကုမ္ပဏီ ၏ပြောရေးဆိုခွင့်ရှိသူ ဂျက်စတင်ဂျာကော့စ် ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ရထားတွဲစုစုပေါင်း ၃၃တွဲအနက် ၂၂တွဲ လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ Cosumnes မြစ်နှင့် ကပ်လျက်ရှိနေသည့် ရေလွှမ်းနေသော ဧရိယာတွင် သောင်တင်နေကြောင်း ဂျာကော့စ် ကပြောကြားခဲ့သည်။
၎င်းက ကုမ္ပဏီ အနေဖြင့် ယင်းမတော်တဆမှုအတွက် လွန်စွာတောင်းပန်ပါကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသည့်အပြင် အန္တရာယ်ဖြစ်စေသော အရာဝတ္ထုများမပါဝင်လာခြင်းအတွက်လည်း ကံတရားကိုကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
China Xinhua News
ကယ်လီဖိုးနီးယား တွင် ရထားလမ်းချော်၍ ရထားတွဲ ၂၂တွဲ မြစ်ထဲပြုတ်ကျ
Reviewed by THITHTOOLWIN
on
20:12
Rating:
