![]() |
အလှူခံမဏ္ဍပ်ရှေ့တွင် အလှူခံနေသူ (၁၂)ယာဉ်တိုက်မိသေဆုံး |
မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲကင်းစခန်းမှ ရဲအုပ် သက်နိုင်ဦး တာဝန်ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီ(၅)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်-မုံရွာကားလမ်းအတိုင်း ပုသိမ်ဘက်မှ မုံရွာဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ထွေ/အုပ်၏ အရက်သယ်ဆောင်ခွင့်ပါမစ်ဖြင့် Myanmar Beer နှင့် Adman Gold Beer များ တင်ဆောင်၍ ထိန်လင်းအောင်၊၂၅နှစ်၊ဥသျှစ်ကုန်းကျေးရွာ၊ဒိုက်ဦးမြို့နယ်နေသူမောင်းနှင်ပြီး နောက်မှ ဆန်းမင်းထိုက် လိုက်ပါလာသော 5D/------NISSAN (၁၂)ဘီးအစိမ်းရောင်ယာဉ်သည် ပုသိမ်-မုံရွာကားလမ်း ၂၃၆/၃ အနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက် အောင်မင်္ဂလာဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်ရှေ့တွင် အလှူခံနေသော မချိုမာ၊၂၁နှစ်၊ဆင်ဖြူကန်ရွာ၊ မင်းလှမြို့နယ်နေသူအား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့၍ မချိုမာတွင် နဖူးဝဲဘက်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာတစ်ပြင်လုံး/ဝဲယာဒူး/ဝဲယာခြေချောင်းများပွန်းပဲ့ဒဏ်ရာများရရှိကာ ပဒါန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရသိရသည်။
ဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်း ထိန်လင်းအောင်အား အရေးယူပေးရန် ရဲအုပ် သက်နိုင်ဦး မှ တရားလိုပြုတိုင်ကြားခဲ့၍ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။
kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်းလှမြို့ နယ် အလှူ ခံမဏ္ဍပ်တခုရှေ့ တွင် အလှူ ခံနေသူ အမျိုးသမီးတဦး ယာဉ်တိုက်မိ သေဆုံး
Reviewed by THITHTOOLWIN
on
20:00
Rating:
