၉.၂.၂၀၁၇ နေ့ ည ၉:၃၀ ချိန်ခန့်က ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူအုပ်စု နမ့်မှော်ကျေးရွာအနီး မော်လကင်မှော်ရှိ မင်္ဂလာတော်ဝင် (အများအခေါ် ရတနာစန်းရွှင် ) ကျောက်မျက်တူးဖော်ရေးကုမ္မဏီ လုပ်ကွက်အတွင်း ကျောက်တောင်ကမ်းပါးယံပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးသူများ မြေပိသေဆုံး သိဟုသိရသည် ။
လောလောဆယ် မြေပိသေဆုံးသူ ရုပ်အလောင်း (၆) ဦးတူးဖော်ရရှိပြီး ၁၀.၂.၂၀၁၇ နေ့နံက်တွင် ဆက်လက်ရှာဖွေရာ (၃) ဦး ထပ်မံ ရှာဖွေ တွေ့ရှိပြီး စုစုပေါင်း မြေပိသေဆုံးသူ (၉) ဖြစ်သည်ဟု သင်္ခါ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြပါသည် ။
၁၀.၂.၂၀၁၇နေ့ နေ့လည် ၁၂ နာရီမှာ အားလုံး ရှာဖွေပြီးစီး သွားပြီး မြေပိသေဆုံးသူ စုစုပေါင်း (၉) သာ သေဆုံးကြောင်း ရှာဖွေသူများထံမှ သိရပါသည် ။
ဇော်မိုးထက် ( ဖားကန့် )
ဖားကန့် ကျောက်တောင်ပြိုကျ ၉ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:18
Rating:
