ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပင်လုံလမ်း၊ ဧရာဝတီဘဏ်ရှေ့တွင် လူနှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် ခြောက်ဘီးယာဉ်တို့ မတော်တဆမှုဖြစ်ပွားရာမှ တစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က အဆိုပါ လမ်းပေါ်တွင် ဆိုင်ကယ် နှင့် ခြောက်ဘီးယာဉ် မတော်တဆမှု ဖြစ်ပွားရာမှ ဆိုင်ကယ်ပေါ်တွင် ပါလာသူ အမျိုးသမီးမှာ လက်တစ်ဖက်ကျိုးကြေသွားကာ ကျောက်မဲဆေးရုံသို့ ပို့ထားရကြောင်းနှင့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ အမျိုးသားမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
ခြောက်ဘီးမော်တော်ယာဉ် အဖြူရောင်သည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ ပြောင်းဖူးအိတ်များ တင်လာသည့် ယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်မောင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေပြီး သေဆုံးသွားသူ၏ ရုပ်အလောင်းအား ကျောက်မဲနာရေးကူညီမှုအသင်းမှ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net/2017/02/KMY.html
ကျောက်မဲတွင် ဆိုင်ကယ်နှင့် (၆)ဘီးယာဉ်တို့ မတော်တဆမှု ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
13:34
Rating:
