နေအိမ်မီးရှို့မှုဖြစ်ပွား


မြင်းခြံ ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့အမှတ် (၆) ရပ်ကွက် နယ်မြေ (၁၃) တွင် နေအိမ်မီးရှို့ မှုတစ်ခုကို ဇန်နဝါရီ ၃၁၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးတင်ဘ၏သားဖြစ်သူ မောင်ဖိုးတွတ်သည်အရက်ကြောင်ရာမှ မိမိအိမ်ကို မီးရှို့မှုဖြစ်ပွားခြင်းဖြစ်သည် ။ မီးရှို့သဖြင့် လောင်ကျွမ်းရာ တွင် ဘေးပတ်ဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် ၎င်းနေအိမ်၏ ထရံများသာ ပျက်စီးလောင်ကျွမ်းပြီး အမိုးများနှင့်အခြားနေအိမ် အဆောက် အအုံများသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် အိမ်မှာ မြေစိုက်၊ ထရံကာ၊ သွပ်မိုး ၊ သုံးပင် ၊ နှစ်ခန်း နေအိမ်ဖြစ်ပြီး သားအဖ နှစ်ဦး နေထိုင်ခြင်းဖြစ်သည်။ မြင်းခြံမီးသတ်တပ်ဖွဲ့မှ မီးသတ် ကားများရောက်ရှိလာသော်လည်း ပြည်သူများမှဝိုင်းဝန်း ငြှိမ်းသတ်သဖြင့်မီးငြိမ်းသွားခဲ့ပြီဖြစ်ပြီး အခြားသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်းနှင့် မီးရှို့သူ မောင်ဖိုးတွတ်အား မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည် ။

ဦးဇော်မင်းနိုင် ( မြင်းခြံ )
The Mirror Daily
https://www.facebook.com/TheMirrorDaily
နေအိမ်မီးရှို့မှုဖြစ်ပွား  နေအိမ်မီးရှို့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.