မုံရွာ ဖေဖော်ဝါရီ ၆
မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက် ယင်းမာမြိုင်လမ်း ယင်းမာမြိုင် သီလရှင်စာသင်တိုက်တွင် ဖေဖော် ဝါရီ ၆ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
''မီးလောင်ရတဲ့အကြောင်းရင်းကိုမေးကြည့်တော့ တငွေ့ငွေ့လောင် တဲ့မီးဆိုတာ ကျောင်းတိုက်က သီလရှင်တွေ ပြောလို့သိရပါတယ်။ မီးက မြေတိုက်ကစလောင်တာဆို တော့ အိပ်နေတဲ့သီလရှင်တွေ ကြမ်းပြင်ပူလာမှ မီးလောင်တယ်ဆို တာ သိရတယ်လို့ဆိုပါတယ်။ မီးလောင် တဲ့ အဆောက်အအုံက မြေပေါ် နှစ်ထပ် မြေအောက်တစ်ထပ်ပါ။ မြေအောက်ထပ်က သီလရှင်တွေ စာကျက်တာတွေလုပ်သလို သီလရှင် အဝတ်အစားတွေ၊ အသုံးအဆောင် တွေထားတာပါ။ မြေအောက်ထပ်ကို ည ၁ဝ နာရီဆိုရင် မဆင်းကြတော့ဘဲ အပေါ်ထပ်မှာ အိပ်ကြတော့တာပါ။ ၁ဝ နာရီမှာ မဆင်းတော့ဘူးဆိုတော့ မီးလောင်တာကို သိတာကလည်း ၂ နာရီကျော်မှသိပြီး မီးလောင်တာကို ကြမ်းပြင်ပူမှသိတာဆိုတော့ မီးလောင် နေတာဟာ တငွေ့ငွေ့အစိုင်အခဲ ကစပြီးလောင်တယ်လို့ သုံးသပ်မိပါ တယ်။ တော်သေးတာက အောက်က မီးလောင်ပြီးအိပ်နေတုန်း ကြမ်းပြုတ် မကျတာ ကံကောင်းတာပါ''ဟု မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီ ဇော်က ပြောသည်။
မီးလောင်သည့် တယ်လီဖုန်းသတင်း ရလျှင်ရချင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းစမ်းအေး၊ မြို့နယ် ဦးစီးမှူး ဦးညီညီဇော်တို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၃ဝ နှင့်အတူ စတင်ရောက်ရှိကာ ထပ်ဆင့်သတင်း ပေးခေါ်ဆိုရာ ရပ်ကွက်အသီးသီးမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များ ဖြင့် ထိန်းသိမ်းငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ၃၆ ပေ ပတ်လည် သွပ်မိုး၊ ပျဉ်ခင်းRC သုံးထပ်တိုက်နှင့်အတူ တီဗွီ တစ်လုံး၊ ရေအေးစက်တစ်လုံး၊ စတီးခုံတစ်စုံ၊ မီးအားမြှင့်စက် တစ်လုံး၊ သစ်သားဗီရိုတစ်လုံးနှင့် အလူမီနီယမ်ဗီရိုနှစ်လုံး ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
ယင်းမီးလောင်မှုသည် လေးပေ မီးချောင်းချုပ် အပူလွန်ကဲ၍ မီးပွား ကျရာမှ အောက်ရှိ သီလရှင်ဝတ်စုံနှင့် စာအုပ်များပေါ် မီးကူးစက်လောင် ကျွမ်းခြင်းဖြစ်နိုင်ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူးက သုံးသပ် ပြောကြားသည်။
မျိုးဝင်းထွန်း (မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မုံရွာမြို့ ယင်းမာမြိုင် သီလရှင် စာသင်ကျောင်းရှိ သုံးထပ်ကျောင်းတိုက် မီးလောင်
Reviewed by THITHTOOLWIN
on
10:04
Rating:
