နိရဉ္စရာ၊ ဇန်န၀ါရီ ၎
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်ခြားစောင့် ရဲတပ်ရင်း အနီးရှိ အောင်ဇေယျ ရခိုင်ကျေးရွာရှိ ရဲကင်းစခန်းမှ ယနေ့ ည ၈ နာရီခန့်က မသင်္ကာသူများကို တွေ့ရှိသဖြင့် သေနတ် ၁၀ ချက် ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“ ဟုတ်ပါတယ်။ နယ်ခြား ရဲသားစခန်းကနေ ပစ်ခတ်တာပါ။ ၁၀ ချက်လောက်ပစ်ပါတယ်။ လူအုပ်စုလိုက် တက်လာတယ်လို့ ပြောပါတယ်။ တိတိကျကျတော့ မသိရဘူး။ ည ၈ နာရီခွဲလောက်မှာ ဖြစ်တာပါ။ အခုတော့ ရွာမှာကားတွေနဲ့ နယ်ခြားစောင့်တပ်တွေ ရောက်ရှိနေပါတယ်” ဟု အောင်ဇေယျ ရွာသား တစ်ဦးဖြစ်သူ ဦးကျော်သာစိန်က နိရဉ္စရာသို့ ပြောသည်။
လက်ရှိ အချိန်တွင် နယ်ခြားစောင့်တပ်က သဲလွန်စများရှာနေကြောင်း၊ လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း၊ ရွာသာများလည်း မအိပ်ဘဲနှင့် ကင်းယူနေကြကြောင်း၊ စိုးရိမ်မှုများလည်း အထိုက်အလျောက် ရှိနေကြောင်း သူက ပြောကြားသည်။
ယခုသေနတ်ပစ်ခတ်မှုသည် သုံးလ နီးပါးကျော်ကြာမှ ကြားရခြင်း ဖြစ်သည်ဟု ဆိုသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တော ကျီးကန်ပြင် ဌာနချုပ်အနီး အောင်ဇေယျရွာ ရဲကင်းမှ မသင်္ကာသူများတွေ့၍ သေနတ်ပစ်ခတ်
Reviewed by THITHTOOLWIN
on
00:57
Rating:
