ဖိလစ်ပိုင်နိုင်ငံက တဲစုရပ်ကွက်မှာ နေအိမ်(၁၀၀၀)ခန့် မီးလောင်ပျက်စီး


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့စွန်က တဲစုရပ်ကွက်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ဒေသခံတွေရဲ့ နေအိမ်တွေ ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တဲစုရပ်ကွက်မှာ မနေ့ညက မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီကနေ့မနက်အစောပိုင်းကျမှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနအရာရှိတွေ က ပြောပါ တယ်။ နေအိမ်(၁)ထောင်လောက်ကို မီးအလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့ပြီး လူ(၇)ဦးလောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။


 မီးလောင်ရခြင်းအကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။ မီးဘေးသင့်ပြည်သူ (၁) သောင်းကျော်အတွက် ယာယီနေထိုင်ဖို့ စင်တာ(၃)ခု ဖွင့်လှစ်ပေးထားပြီး အစားအစာနဲ့ သောက်သုံးရေတွေထောက်ပံ့ပေးထားတယ်လို့ လူမှုဖူလုံရေးအရာရှိက ပြောကြားခဲ့ကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
ဖိလစ်ပိုင်နိုင်ငံက တဲစုရပ်ကွက်မှာ နေအိမ်(၁၀၀၀)ခန့် မီးလောင်ပျက်စီး ဖိလစ်ပိုင်နိုင်ငံက တဲစုရပ်ကွက်မှာ နေအိမ်(၁၀၀၀)ခန့် မီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.