![]() |
သထုံတွင် ရာဘာရောင်းဝယ်ရေးလုပ်ငန်း ဂိုထောင်တစ်ခုမှ စတင်ကာ မီးလောင်မှုဖြစ်ပွား |
မွန်ပြည်နယ် သထုံမြို့နယ် နန်းခဲရပ်ကွက် ရှမ်းစုအလယ်တန်းလမ်းတွင် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၃ နာရီ ၁၅ အချိန်ခန့်၌ ရာဘာနှင့်ခြံသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ကိုင်သည့် အိမ်တစ်အိမ်၏ဂိုထောင်မှစတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး မီးများသဖြင့် အနီးဝန်းကျင်အိမ်များသို့ ကူးစက်နေရာ အဆောက်အဦ ၃ လုံး မီးကူးစက်လောင်နေ ကြောင်းသိရသည်။
မီးလောင်ရာသို့ သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် လေးစီးနှင့်အတူ အနီးဝန်းကျင်ရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ စုစုပေါင်း ၁၂ စီးခန့် လာရောက်ငြှိမ်းသတ်နေကြောင်း မီးလောင်မှုကို level 3 အဆင့် သတ်မှတ်ထားပြီး နံနက် ၅ နာရီအချိန်ခန့်တွင် မီးလောင်မှုအား ထိန်းချုပ်နိုင်ပြီဖြင်ကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။ မီးလောင်ရာသို့ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအဖွဲ့အစည်းများ စုပေါင်းကူညီငြှိမ်းသတ်နေကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သထုံမြို့ တွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:43
Rating:
