ပလစက်တော်ရာ ဘုရားဖူးကား တိမ်မှောက်


ပုလောမြို့နယ် ပလရွာရှိ စက်တော်ရာဘုရားဖူးပြီး ပြန်လာသည့် ဘုရားဖူးကားသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ကျောက်ဆည်ရွာနှင့် ပဲဒက်ရွာအကြားတွင် တိမ်းမှောက်ခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။


ထားဝယ်မြို့နယ် ရောင်းမော်ရွာမှ ဘုရားဖူး အများစုပါဝင်သည့် ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည် ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲဒက်ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သရက်ချောင်းမြို့နယ်ဖက်က လူနာတင်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့မှ ဦးနိုင်မျိုးသွင် ကဆိုသည်။
"မနက် ၂ နာရီကတည်းက မှောက်တယ်လို့ ကြားတယ်"ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ကားမှာ တံတားတွင်း ထိုးကျသွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး အချို့မှာ စိုးရိမ်ရကြောင်း ကနဦး သတင်းများအရ သိရသည်။

Dawei Watch
https://www.facebook.com/DaweiWatch/
ပလစက်တော်ရာ ဘုရားဖူးကား တိမ်မှောက် ပလစက်တော်ရာ ဘုရားဖူးကား တိမ်မှောက် Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.