တောင်ဒဂုံ ပစ်ခတ်မှုမှ ကားကို ဖမ်းမိပြီး နဂါးလေး လွတ်မြောက်နေ

တရားခံပြေး အောင်နိုင်မြင့်(ခ)နဂါးလေး ။ ဓါတ်ပုံ - facebook
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်မှာ ရဲတပ်ဖွဲ့က သံသယရှိသူတယောက်ကို သွားေ၇ာက် ဖမ်းဆီးရာမှာ အပြန်အလှန် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ ကားကို ဖမ်းဆီး မိသွားပြီလို့ သိရပါတယ်။

နဂါးလေး မောင်းနှင်ထွက်ပြေးတဲ့ မော်တော်ယာဉ် ။ ဓါတ်ပုံ - facebook
မနေ့ ညနေ ၅ နာရီခွဲ လောက်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတာ လို့ တောင်ဒဂုံရဲစခန်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အဲဒီတရားခံကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့လဲ အဲဒီ ရဲတပ်ဖွဲ့ဝင်ကပြောပါတယ်။
နဂါးလေး မောင်းနှင်ထွက်ပြေးတဲ့ မော်တော်ယာဉ်ကို ဖမ်းမိ ။ ဓါတ်ပုံ - facebook
နောက်ဆုံး ရရှိတဲ့ သတင်းတရပ်မှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံပြေး အောင်နိုင်မြင့်(ခ)နဂါးလေးဆိုသူ မောင်းနှင်ထွက်ပြေးတဲ့ မော်တော်ယာဉ်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျီစုသုဿသန် လယ်ကွင်းတွေ အနီး တွေ့ရှိထားပြီး လူကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ