ထိုင်းနိုင်ငံ မြန်မာလုပ်သား(၃)ဦး အလုပ်သွားစဉ် ဆယ်ဘီးကားတိုက်ခံရပြီး ပွဲခြင်းပြီးသေဆုံး


ဘန်ကောက် ၊ ဇန်န၀ါရီ ၃ ရက်

ဇန်န၀ါရီလ ၃ ရက်နေ့ ၊ ယနေ့မနက်ပိုင်း ၆ နာရီ က နေထိုင်သည့်အခန်းမှ အလုပ်ရုံသို့ စက်ဘီးဖြင့် အလုပ်သွားစဉ် လမ်းဘေးကပ်ပြီး စက်ဘီးနင်းနေသော်လည်း ဆယ်ဘီးကားမှ အရှိန်ဖြင့်တိုက်မိခဲ့သည့် အတွက် နခွန်ပထုန်ဆီစန်ဖန် I.S.A Value Co.ltdငါးသေတ္တာစည်သွတ်ဘူးရုံတွင် လုပ်ကိုင်နေသောMoU ဖြင့်လာရောက်သည့် မြန်မာလုပ်သား သုံးဦးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။


သေဆုံးသည့် မြန်မာလုပ်သားသုံးဦးတွင် မောင်နှမနှစ်ဦးဖြစ်သည့် တင်ကျော်မိုး အသက်(၂၈)နှစ် နှင့် မငြိမ်းငြိမ်းစိုးအသက်(၂၄)နှစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်ကိုင်းရွာ မောင်အောင်ပြည့်ဝင်း အသက်(၂၄)နှစ် ယင်းမာပင်မြို့နယ် တာဝရွာ မှ ဖြစ်ကြပြီး မြန်မာပြည်မှ ToDayTopStarအေဂျင်စီမှ တာဝန်ယူပို့ဆောင်ထားကြောင်းသိရပါသည်။


လက်ရှိမှာ ကားမောင်းသူကို ဖမ်းဆီးမိခြင်း မရှိသေးပဲ အမှုမှန်ပေါ်ပေါက်ရန် AAC အဖွဲ့ မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိရုပ်အလောင်းများကို ဆေးရုံမှ မီးသဂြိုင်္လ်မည့် ထိုင်းဘုန်းကြီးကျောင်း သို့ပိုဆောင်ထားရှိကြောင်း ထိုင်းနိုင်ငံမှလာသည့်သတင်းများအရသိရသည်။

Iprd Kawthoung
ထိုင်းနိုင်ငံ မြန်မာလုပ်သား(၃)ဦး အလုပ်သွားစဉ် ဆယ်ဘီးကားတိုက်ခံရပြီး ပွဲခြင်းပြီးသေဆုံး  ထိုင်းနိုင်ငံ မြန်မာလုပ်သား(၃)ဦး အလုပ်သွားစဉ် ဆယ်ဘီးကားတိုက်ခံရပြီး ပွဲခြင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.