သထုံမြို့နယ်၌ လူသတ်မှုဖြစ်ပွား
မော်လမြိုင် ဖေဖော်ဝါရီ
မွန်ပြည်နယ် သထုံမြို့  ဆိပ်ကျွန်းကျေးရွာနေ ဒေါ်မြ၏ အသုဘနေအိမ်ခြံဝင်း၌ ဓလေ့ထုံးတမ်းအရ အသုဘဖဲဝိုင်းတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် နာရီခွဲခန့်က မရမ်းကုန်းကျေးရွာ ရွာမြီးပိုင်းနေ အထက မရမ်းကုန်းကျောင်းမှ မူလတန်းပြဆရာ ကျော်ဇင်ထွန်းနှင့် ဆိပ်ကျွန်းကျေးရွာနေ ၀ဏ္ဏထွန်းတို့နှစ်ဦးသည် ဖဲဝိုင်းအလျော်အစားကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ် ထိုးကြိတ်နေစဉ် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ရန်ဖြစ်မှုအား ဖဲဝိုင်းအနီး၌ ရှိနေသူ မရမ်းကုန်းကျေး ရွာနေ ကျော်စွာဝင်းက ဝင်ရောက်ဖြန်ဖြေပေးရာ ၀ဏ္ဏထွန်းမှ ကျော်စွာဝင်းကို ကတ်ကြေးဖြင့် ထိုးလိုက်၍ ကျော်စွာဝင်းမှာ ရရှိဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။
တင်ထွဋ်(မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သထုံမြို့နယ်၌ လူသတ်မှုဖြစ်ပွား  သထုံမြို့နယ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:23 Rating: 5
Powered by Blogger.