ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း(၅)ခုဆုံးရှုံး


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၃)ရပ်ကွက်၊ မနော်ဟရီလမ်းရှိအလှပြင်ဆိုင် တစ်ခုတွင် ခြင်ဆေးခွေမှတဆင့် Level(1)အဆင့်မီးလောင်ကျွမ်းမှု ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်(၄)နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါအသည်းပန်းအလှပြင်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ရာမှ နှင်းဝတ်ရည်အလှပြင်ဆိုင်၊ ရွှေအရိပ်အထည် ဆိုင်၊ သွားခံတွင်းဆေးကုသခန်းနှင့် နီယိုမိတ္တူဆိုင် အစရှိသည့်ဆိုင်ခန်းပေါင်း(၅)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၆၇)သိန်းခွဲရှိနိုင်ကြောင်းခန့်မှန်းတွက်ချက်ထားပြီးသက်ဆိုင် ရာနယ်မြေအမှတ်(၁၁)ရဲစခန်းမှ အိမ်ရှင် ဦးအောင်ကျော်စိုးအားပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအင်အား(၅၀)နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား(၁၀၀) ၊ မီးသတ်ကားအစီး(၃၀)နှင့် အုပ်ချုပ်ရေးမှူးများကွပ်ကဲမှုဖြင့်လာရောက်သည့် ကား(၃)စီးက ငြှိမ်းသတ်ခဲ့ရာမိနစ်(၂၀)ခန့်အကြာတွင် မီငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း(၅)ခုဆုံးရှုံး ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း(၅)ခုဆုံးရှုံး Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.