နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၆၉ )နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၂၀

(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်အဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကားပြောကြား သည်။

အခမ်းအနားတွင် ပလက်ဝမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က နိုင်ငံ တော်သမ္မတထံမှ ပေးပို့သည့်(၆၉)နှစ်မြောက်ချင်းအမျိုးသားနေ့ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ ကိုဖတ်ကြားပြီး ချင်းအမျိုးသား ဦးထန်ဒိုးကျင့်က ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း ကိုဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော်သို့ရောက်လာပြီးကတည်းက ချင်းအမျိုးသားနေ့ အဆက်ဆက်ကို တက်ရောက်ခဲ့ပြီး နေပြည်တော်တွင် မရှိသည့်အတွက် တစ်ကြိမ်သာမတက်ရောက်ခဲ့ပါကြောင်း၊ ချင်းအမျိုးသားနေ့ကိုတက်ရောက်ရသည့်အတွက် ပျော်ရွှင်ပြီး ဂုဏ်ယူရပါကြောင်း၊ ယနေ့တွင် ချင်းပြည်နယ်၏ လှပမှု၊ ချင်းအမျိုးသားများ၏ နွေးထွေးမှု၊ သာယာဖွယ်များကို ပြောကြားကြ သည်မှာ အများကြီးဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ချင်းတိုင်းရင်းသားများ နှင့်ပတ်သက်သည့်အကြောင်းအရာနှစ်ခုကို အလေးထားပြောကြားလိုပါကြောင်း၊ ချင်းအမျိုးသား များသည် ပညာရေးကိုအဓိကထားသည့် ကိစ္စဖြစ်ပါကြောင်း၊ ဒုတိယတစ်ခုမှာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့ကို တက်ရောက်သည့်အခါတိုင်း ထူးချွန်သည့် ချင်းလူငယ်များကို ဂုဏ်ပြုဆုပေးရာတွင် ဂုဏ်ယူစွာပါဝင်ခွင့်ရပါကြောင်း။


ယခုလိုဆောင်ရွက်ခြင်းသည် ချင်းတိုင်းရင်းသားများအကြား နှစ်စဉ်ပေါ်ပေါက်လာသည့် ပညာတတ်လူငယ်များကို ဂုဏ်ပြုအားပေးရာရောက်ပါကြောင်း၊ ၁၉၁၂ ခုနှစ်ကပင် ချင်းအမျိုးသား ပညာတတ်မြောက်ရေးဆိုသည့် စိတ်ဓာတ်ဖြင့် ချင်းအမျိုးသားနေ့ပေါ်ပေါက်ရေးအတွက် စတင်ဦး တည်ခဲ့သည်ကို ကြားသိရပါကြောင်း၊ ၂၀၁၃-၂၀၁၄ မိမိချင်းပြည်နယ်ကို သွားရောက်စဉ်က ဘာ အကူအညီလိုလဲမေးသည့်အခါ ပညာရေးနှင့်ပတ်သက်ပြီး အကူအညီတောင်းသည်ကို တွေ့ရပါ ကြောင်း ၊ မိမိတည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ချင်းပြည်နယ်တွင် တတ်နိုင် သမျှ ကူညီခဲ့ပါကြောင်း။ ပညာရေးကို အလေးထားသည်မှာ မိမိတို့ပြည်ထောင်စုအနာဂတ်အ တွက် အင်မတန်မှ မျှော်လင့်ချက်တွေ ပြည့်စေပါကြောင်း၊ သို့ဖြစ်၍ ချင်းတိုင်းရင်းသားများ ပညာ ရေးကို အလေးထားသည်မှာ အင်မတန်မှ ၀မ်းသာပါကြောင်းနှင့် ဂုဏ်ယူပါကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ က၂၀၁၆-၂၀၁၇ခုနှစ်အတွင်း အားကစားပြိုင်ပွဲ အမျိုးမျိုးတွင် နိုင်ငံတော်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင် ခွင့်ရ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများအားဂုဏ်ပြုဆုများ ကိုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် PhDပါရဂူ ဘွဲ့ရ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဂုတ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် ချင်း အမျိုးသားနေ့အခမ်းအနားသို့ တတ်ရောက်လာကြသူများအား ပြည်ထောင်စုလွှတ်တော် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များက ဖလမ်းမြို့နယ်ကိုယ်စားပြု ၀ါးညှပ်အကဖြင့် ဖျော်ဖြေ ကြသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့် တက်ရောက်လာကြ သူများသည် ချင်းတိုင်းရင်းသားများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ယနေ့အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီ ခွန်မြတ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်း သား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၆၉ )နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၆၉ )နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.