![]() |
မြို့နယ်စာစစ်ဌာနသို့ စာမေးပွဲသွားဖြေမည့် ကျေးလက်က အလယ်တန်းကျောင်းသားများ ကားတိမ်းမှောက် ၊ သေကြေဒဏ်ရာရမှုများပြား |
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့စာစစ်ဌာနသို့ အစိုးရစစ် စာမေးပွဲဖြေဆိုရန် အတွက် ဟမ်းငိုင်းကျေးရွာအုပ်စုမှ အလယ်တန်းေ ကျာင်း သား များ စီးနင်းလာသော လေးလုံးထိုးကား တိမ်းမှောက်ရာ စာမေးပွဲဖြေဆို မည့် ကျောင်းသားများ အပါအဝင် ကားဆရာပါ ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် ဖြစ်ပွားသော ဖြစ်စဉ်တွင် အစိုးရစစ်စာမေးပွဲဖြေဆိုမည့်ကျောင်းသား/ကျောင်းသူ များ ပါ ၀င်သော ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘ စုစုပေါင်း ၂၄ ဦး စီးနင်းလာသည့် ၄ လုံးထိုးကား တိမ်းမှောက်သဖြင့် ကျောင်းသား ၄ ဦး ၊ ကားဆရာ ၁ ဦး ပွဲခြင်းပြီးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါသည်။
"ဒဏ်ရာရတဲ့ ၁၇ ယောက်ထဲမှာ ကျောင်းသားက ၁၃ ယောက်နဲ့ ကားစပယ်ယာ ၁ ယောက်ဆရာမ ၂ ယောက် ကျောင်းသားမိဘ ၁ ယောက်။ အဲဒီ အ ထဲက ဒဏ်ရာပြင်းထန်တဲ့စိုးရိမ်ရတဲ့ ၁၄ ယောက်ကို တောင်ကြီးပို့လိုက်ပြီ။ မိုင်းကိုင်ဆေးရုံမှာ သာမာန်ဒဏ်ရာရသူ ၃ ဦးဘဲကျန်ပါတယ်။" - ဟု မိုင်းကိုင်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း သူနာပြုတဦးက သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုပါသည်။
မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာတွင် အလက ကျောင်းခွဲအဆင့်သာ ရှိနေသေး သဖြင့် မြို့စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရန်အတွက် အဆိုပါကျောင်း သူ ကျောင်းသားများဆရာ မိဘများအဖွဲ့ ရွာမှ မြို့သို့တက်လာ ခဲ့ခြင်းဖြစ်ကြောင်း စီးနင်းလိုက်ပါသူများအနက် ဒဏ်ရာမရသူ ၂ ဦးသာရှိကြောင်းသိရသည်။
အခင်းဖြစ်ပွါးရာနေရာတွင်ကားလမ်းကျဉ်းပြီး သွားလာမှုခက်ခဲသောနေ ရာဖြစ်ကြောင်း ကျားခေါင်းပါတီ၏ မိုင်းကိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန် ကပြောသည်။
“ဟမ်းငိုင်းကားလမ်းမကြီး ကြားနဲ့ ပန်ကေတုကားလမ်းမကြီး ကြား မှာ ဘဲ ဖြစ်သွားတာ၊ အဲ့ဒီနေရာလေးက ကားလမ်းကကျဉ်းပြီး လမ်းသိပ် မကောင်းဘူး။ ကားဆရာလည်း ပွဲချင်းပြီး ဆုံးတယ်။ သေဆုံးတဲ့ ၅ ယောက် ထဲမှာ စာမေးပွဲဖြေမယ့် ကလေး ၄ ယောက်ပါ တယ်။ ၈ တန်းေ ကျာင်းသူ ၁ ဦး။ ၄ တန်းကျောင်းသူ ၁ ဦး ကျောင်းသား ၂ ဦး။ ”ဟု ၄င်းကပြောသည်။
"အခုဆိုရင် နိုင်ငံတကာရဲ့အမြင်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လာနေပြီ။ တိုးတက်ပြောင်းလဲလာပြီလို့မြင်နေကြပြီ။ ဒါကြောင့် မြို့နယ် ၊ကျေးလက် ပညာရေးစနစ်ကိုလည်းလွယ်ကူအဆင်ပြေအောင် အစိုးရ က လုပ်ပေးသင့်ပါပြီ။ ဒါဟာ ရွာမှာ စာစစ်ဌာနမရှိလို့ မြို့တက်စာဖြေ ရတာေ ကြာင့် ဖြစ်သွားရတဲ့ကိစ္စပါ။ မမျှော်လင့်ဘဲ မထင်မှတ်ဘဲဖြစ်သွားရတဲ့ ကိစ္စ။ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လာနိုင်တဲ့ ဒီလူ ငယ်ေ တွ အနည်းနဲ့ အများတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကြမှာဘဲ။ ရွာမှာကျန်တဲ့ကျောင်း သားလူငယ်တွေအတွက်လည်း ခြိမ်းခြောက်မှုတခုကြီးလိုဖြစ်နေပါလိမ့်မယ် "- ဟု တောင်ကြီးမြို့ရောက် မိုင်းကိုင်ဒေသခံ ခေတ်ပညာတတ်လူငယ် တဦးကလည်း ပြောဆိုသည်။
ဟမ်းငိုင်းအုပ်စုနှင့်ပန်ကေတုအုပ်စုသည် ၆ မိုင်ခန့်သာဝေးပြီး မိုင်းကိုင်မြို့ မြောက် ဘက်တွင်တည်ရှိပါသည်။ ဟမ်းငိုင်းမှာ မိုင်းကိုင်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။
Photo:from Sai Pang facebook
သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မိုင်းကိုင်မြို့သို့ စာမေးပွဲ သွားဖြေမည့် ကျောင်းကား တိမ်းမှောက် ၊ ၅ ဦးသေဆုံး ၊ ၁၇ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
08:08
Rating:
