နေပြည်တော်တွင် ကြေးပိဿချိန် ၃၀၀ ခန့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ကျင်းပ


နေပြည်တော် လယ်ဝေးမြိုနယ်တွင် ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇း၃၀ နာရီအချိန်တွင် ၁၀၂.နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် အမြင့် ၉ ပေ ကြးပိဿာချိန် ၃၀၀ ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ခန့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။


ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် အမျိုးသားလွှတ်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်၍ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် လယ်ဝေးမြို့နယ်အတွင်း တနေ့တာပါတ်လုံး စတုဓိသာကျွေးမွေးဧည်ခံမည်ဖြစ်ပြီး ညနေပိုင်းတွင် စိန်ဒူးဝါးမင်္ဂလာဆိုင်းဝိုင်းဖြင့်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch
https://www.facebook.com/NewsWatchJournal/
နေပြည်တော်တွင် ကြေးပိဿချိန် ၃၀၀ ခန့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ကျင်းပ  နေပြည်တော်တွင် ကြေးပိဿချိန် ၃၀၀ ခန့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.