အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က အမျိုးသမီး တယောက်ရဲ့ နားပေါက်ထဲကို ယဉ်ပါးနေတဲ့ အိမ်မွေး စပါးကြီးမြွေ ဝင်သွားခဲ့လို့ အခက်ကြုံခဲ့ရပြီး ဆေးရုံကို ပြေးခဲ့ရပါတယ်။
အက်ရှ်လေဂလော အမည်ရှိ အဆိုပါ အမျိုးသမီးငယ်ဟာ ဆေးရုံ အရေးပေါ်ရောက် သူနဲ့ သူ့မြွေ နှစ်ပါးသွား ဖြစ်စဉ်ကို ပုံနဲ့ တကွ ဖေ့စ်ဘွတ်ခ်တင်ခဲ့ရာမှာ အွန်လိုင်းတခွင် ပျံ့နှံ့ သွားခဲ့ပါတယ်။
ချစ်စနိုးနဲ့ အိမ်မှာ မွေးထားတဲ့ စပါးကြီးမြွေ ဘတ် ဟာ သူ့ရဲ့ သာမန်ထက် အဝကျယ်အောင် ဖောက်ထားတဲ့ နားပေါက်ထဲကို လျှောခနဲ ဝင်သွားပြီး ပြန်မထွက်နိုင်ဘဲ ညပ်နေခဲ့တာပါ။
ဖြစ်ပျက်သွားခဲ့တာက သိပ်မြန်လွန်းလို့ သူ ဘာမှ မလုပ်နိုင်ခဲ့ပါဘူးတဲ့၊ သိသိချင်းမှာ မြွေက ဝင်ပြီး ပိတ်မိနေပါပြီတဲ့။
သူဟာ သူ့ မြွေ တခုခု ဖြစ်မှာ အင်မတန် စိုးရိမ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အားလုံး အဆင်ပြေသွားတယ် ဆိုပါတယ်။
ဆရာဝန်တွေက နားကို ထုံဆေးပေးပြီး အပေါက်ကို အနည်းငယ်ချဲ့ပေးကာ သခင်မရဲ့ နားပေါက်ထဲ အလည် သွားခဲ့တဲ့ မြွေကို ရှောရှောရှူရှူ ထုတ်လိုက်နိုင်ခဲ့ပါတယ်။
ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/bbcburmese/
သခင်မရဲ့ နားပေါက်ထဲ အောင်းတဲ့ မြွေ
Reviewed by THITHTOOLWIN
on
20:17
Rating:
