5 STAR အငြိမ့် ပွဲခင်းအတွင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွား၍ ၁ ဦးသေဆုံး

ဘုရားပွဲ ပွဲခင်းအတွင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်
ပင်လည်ဘူး ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေသာကျေးရွာ၌ ဘုရားထီးတင်ပွဲကို 5 star အငြိမ့်ဖြင့် ဖေဖော်ဝါရီ ၁၉/၂၀ရက်ည များတွင် ကပြဖျော်ဖြေရာ ပွဲခင်းအတွင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွား၍ ၁ ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပွဲခင်းနောက်ဆုံးည ၂၁ရက် နံနက် ၁နာရီ ၄၅အချိန်ခန့်တွင် မောင်ကောင်းထက်ဝေ အသက် ၁၇ နှစ် (ဘ)ဦးမြင့်သောင်း မန္တံကျေးရွာနေနှင့် မောင်ဇင်ယော်ထွန်း အသက် ၂၂ နှစ် (ဘ)ဦးဇော်လွင် ပေကုန်းကျေးရွာနေတို့မှာ ဇာတ်ပွဲ၏ညာဘက်ခြမ်းရှိ ပွဲဈေးတန်း တစ်နေရာမှပွဲကြည်ရှု နေစဉ် မောင်လှိုင်ဇော်ဟိန်း အသက် ၂၀ နှစ်(ဘ)ဦးသာဝင်း မိချောင်းအင်းကျေးရွာနေနှင့် စကားများရန်ဖြစ်ရာ လှိုင်ဇော်ဟိန်းမှ အသင့်ယူဆောင်လာသော ဓားဖြင့် ထိုးသွင်းရာ မောင်ကာင်းထက်ဝေနှင့် မောင်ဇင်ယော်ထွန်းတို့မှာ ဒဏ်ရာများရရှိကြပါသည်။

 ဒဏ်ရာရရှိသူများအား ပင်လည်ဘူးမြို့နယ်ဆေးရုံသို့ တင်ပို့ဆေးကုသခဲ့ရာ မောင်ဇင်ယော်ထွန်းမှာဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ တရားခံမောင်လှိုင်ဇော်ဟိန်အား ပင်လည်ဘူးမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၂၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

မျိုးလွင်(မြို့နယ်ပြန်/ဆက်) ပင်လည်ဘူး

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
5 STAR အငြိမ့် ပွဲခင်းအတွင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွား၍ ၁ ဦးသေဆုံး  5 STAR အငြိမ့် ပွဲခင်းအတွင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွား၍ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.