သာကေတမြို့နယ်၌ YBS ယာဉ်လိုင်း ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၂၄

၂၄.၁.၂၀၁၇ ရက်နေ့ ၁၆၁၀ အချိန်ခန့်တွင် သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် န၀ရတ်လမ်းဆုံ ကားကြီးဂိတ်မှတ်တိုင်အနီးတွင် စိုက်ထူထားသော YBS မော်တော်ယာဉ်လိုင်း ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား
အမျိုးသား တစ်ဦးမှ ရိုက်ချိုးဖျက်ဆီးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သီဟဇော်(၃၃)နှစ်၊ (င/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူအား အရက်သေစာသောက်စားမူးယစ်ကာ YBS မော်တော်ယာဉ်လိုင်း ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ခြေထောက်ဖြင့် ကန်ကြောက်၍ ဖျက်ဆီးခဲ့သဖြင့် ဆိုင်းဘုတ်ကန့်လန့်ဖြတ် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း တွေ့ရှိရပါသည်။

ယင်းသို့ လမ်းညွှန်ဆိုင်းဘုတ်အားပျက်စီးအောင်ပြုလုပ်သူ သီဟဇော်အား သာကေတနယ်မြေရဲစခန်း(ပ)၇၁/၂၀၁၇၊ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ- ၆(၁) ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိပါသည်။

ယခုကဲ့သို့ YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်များအား မလျော်ကန်ဖျက်လိုဖျက်ဆီး ပြုလုပ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
သာကေတမြို့နယ်၌ YBS ယာဉ်လိုင်း ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ  သာကေတမြို့နယ်၌ YBS ယာဉ်လိုင်း ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.