YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၁၇

၁၆.၁.၂၀၁၇ ရက်နေ့ ၂၂း၃၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ ဈေးဘူတာကားမှတ်တိုင်တွင် စိုက်ထူထားသော YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို ဖျက်ဆီးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးကြည့်ရှုစဉ် အဆိုပါ နေရာအနီး၌ လမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးသူ လှိုင်သာယာမြို့နယ်နေ အောင်စိုး၊ (၂၅)နှစ်အား ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်း ထိန်းသိမ်း ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ထိုသို့ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များက လမ်းညွှန်ဆိုင်းဘုတ်အား ပျက်စီးအောင်ပြုလုပ်သူ အောင်စိုးအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၈၀/၂၀၁၇၊ ၁၉၄၇ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး
အက် ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်များအား မလျော်ကန် ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့သူများကို ရဲတပ်ဖွဲ့မှထိရောက်စွာ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.